#LocalNews

Published - 11 Dec 2021

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ မြသီတာကျေးရွာအတွင်းရှိ ဆင်ဖြူကွင်းအမှိုက်ပုံတွင် ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်၊ မွန်းလွဲ ၁ နာရီခွဲအချိန်မှ စတင်ပြီး မီးလောင်မှုဖြစ်ပွားနေကြောင်း သိရပါတယ်။

အဆိုပါ အမှိုက်ပုံမီးလောင်မှုကို ပဲခူးတိုင်းဒေသကြီး မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ပဲခူးခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂)စီး၊ ပဲခူးနယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိနေကြောင်း မီးသတ်တပ်ဖွဲ့က ကနဦး သတင်းထုတ်ပြန်ထားပါတယ်။

Photo - MFSD

#Yangon_Media_Group