#LocalNews

Published - 9 Dec 2021

 

အမိုနီယမ်ဆာလဖိတ် မြေဩဇာမှာ ဆာလဖာပါဝင်မှု မြှင့်မားတာကြောင့် မြေကိုချဉ်စေတဲ့ သတ္တိရှိတဲ့အတွက် မြေငံနဲ့ မြေငံရှိသောဒေသတွင်သာ သုံးစွဲဖိ့် သင့်တော်တဲ့ ဓာတ်မြေ ဩဇာအမျိုးအစားဖြစ်တယ်လို့ စိုက်ပျိုးရေးဦးစီးဌာန ထုတ်ပြန်ထားပါတယ်။

 

နိုက်ထရိုဂျင် အာဟာရဓါတ်ဖြည့်ဆည်းဖို့အတွက် အမိုနီယမ် ဆာလဖိတ်မြေဩဇာကို နှုန်းမြှင့်မားစွာအသုံးပြုပါက အပင်မှလိုအပ်မှု နည်းသော ဆာလဖာဓာတ်ကို လိုအပ်မှုထက် ပိုမိုစေတာကြောင့် အပင်အတွက် ဆိုးကျိုးများ ဖြစ်ပေါ် စေပါတယ်။

 

ဈေးနှုန်းသက်သာတဲ့အတွက် ဝယ်ယူအသုံးပြုနေသော အမိုနီယမ်ဆာလ်ဖိတ်မြေဩဇာကို မြေကြီးထဲသို့ ထည့်သွင်းအသုံးပြုသောအခါ ယူရီးယားကဲ့သို့ အခြားသော နိုက်ထရိုဂျင်‌မြေဩဇာများထက် မြေချဉ်စေသော အက်ဆစ်ဓာတ်ကို ပိုမိုထုတ်လွှတ်ပေးသဖြင့် မြေချဉ်ငံကိန်း(၅.၅) အောက်ရှိသော မြေချဉ်များတွင် မြေဆီလွှာအချဉ်ပေါက်သော ပြဿနာများကို ဖြစ်ပေါ် စေနိုင်ပါတယ်။

 

အမိုနီယမ်ဆာလဖိတ် မြေဩဇာဟာ အပင်မှ အများအပြားလိုအပ်တဲ့ အဓိကအပင်အာဟာရဓါတ် နိုက်ထရိုဂျင် (၂၁%) နဲ့ အပင်မှ အနည်းငယ်သာလိုအပ်တဲ့ အပင်အာဟာရဓာတ် ဆာလဖာ (၂၄%) ပါဝင်ပြီး ရေတွင်ပျော်ဝင်လွယ်တဲ့ ဓာတုမြေဩဇာတစ်မျိုး ဖြစ်ပါတယ်။

 


တောင်သူများအနေနဲ့ ၎င်းမြေဩဇာကို သုံးစွဲမယ်ဆိုပါက မိမိတို့ စိုက်ပျိုးမြေရဲ့ မြေချဉ်ငံကိန်း၊ စိုက်ပျိုးမယ့် သီးနှံအမျိုးအစား စတာတို့အပေါ် မူတည်ပြီး ထည့်သွင်းသင့်တဲ့ပမာဏကို စိုက်ပျိုးရေးပညာရှင်တွေနဲ့ မြေဆီလွှာပညာရှင်တွေရဲ့ ထောက်ခံအကြံပြုချက် ရယူအသုံးပြုဖို့လိုအပ်ကြောင်း ထုတ်ပြန်ထားပါတယ်။

#Yangon_Media_Group