#LocalNews

Published - 8 Dec 2021

 

လာမယ့်ရွေးကောက်ပွဲတွင် မှတ်ပုံတင်မရှိသူတွေကို ကိုင်ဆောင်သင့်တဲ့ ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးဖိ့် ဆောင်ရွက်နေတယ်လို့ ဒီဇင်ဘာ ၇ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီး ဦးခင်ရီက ဝန်ထမ်းသစ်တွေနဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောကြားခဲ့တာပါ။

 

ပြီးခဲ့တဲ့ရွေးကောက်ပွဲအတွင်း မဲဆန္ဒရှင်စာရင်းတွေကို စစ်ဆေးရာမှာ နိုင်ငံသားစိစစ်ရေး ကတ်ပြားအပါအဝင် အထောက်အထား တစ်စုံတစ်ရာမရှိဘဲ မဲပေးခဲ့သူဦးရေ အများအပြား ပါဝင်နေတာကို စိစစ်တွေ့ရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

 

၂၀၂၂ အထွေထွေရွေးကောက်ပွဲရလဒ်မှာ မှတ်ပုံတင်မပါဘဲ မဲပေးခဲ့တာတွေကို ထောက်ပြထားပြီး လာမယ့်ရွေးကောက်ပွဲအမီ မှတ်ပုံတင် ပြုလုပ်ပေးဖို့ အချိန်နှစ်နှစ် ယူရတာဖြစ်ပြီး မဲသမာမှု ၁၁ သန်းကျော်အနက် ၄ သန်းကျော်လောက်က မှတ်ပုံတင်အရေးတကြီး လိုအပ်နေတာတွေ့ရတဲ့အတွက် စီမံချက်နဲ့ မှတ်ပုံတင်လုပ်ပေးနေတာ ဖြစ်တယ်လို့ ရှရှား မဂ္ဂဇင်းတစ်စောင်မှာ နစက ဥက္ကဋ္ဌက ပြောဆိုထားတာရှိပါတယ်။

 

အဲဒါကြောင့် ၁၈ လကြာ ဆောင်ရွက်ရမယ့် ပန်းခင်းစီမံချက်ရေးဆွဲပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကွင်းဆင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#Yangon_Media_Group