#LocalNews

Published - 8 Dec 2021

 

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စွဲဆိုထားတဲ့ အမှုတွေထဲက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅/၃၀ (က)အမှုတွေအတွက် တစ်မှုစီကို ထောင်ဒဏ် ၂ နှစ်စီ ဒီကနေ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ချမှတ်လိုက်ပါတယ်။

 

"အမှုနှစ်ခုအတွက် ၄ နှစ် ချတာပါ။ ၅၀၅ (ခ) အတွက်က ထုတ်နှုတ်ခံစားခွင့် မရပါဘူး၊သဘာဝဘေးအတွက်ကတော့ ထုတ်နှုတ်ခံစားခွင့်ရပါတယ် "လို့ ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေက ရန်ကုန်တိုင်းမ်ကို ပြောပါတယ်။

 

ဒေါက်တာဇော်မြင့်မောင်ကို အဆိုပါ ပုဒ်မတွေအပါအဝင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့လည်း အမှုရင်ဆိုင်နေရဆဲ အချိန် မကြာသေးခင်က ရာဇသတ်ကြီး ပုဒ်မ ၁၇၁-စ၊ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀-က နဲ့လည်း ထပ်တိုးပြီး တရားစွဲဆိုခံထားရပါသေးတယ် ။

 

အသက် ၇၀ အရွယ် ဒေါက်တာဇော်မြင့်မောင်ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက မန္တလေး အိုးဘိုထောင်မှာ ထိန်းသိမ်းခံထားရတာပါ။

#Yangon_Media_Group