#LocalNews

Published - 27 Nov 2021

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ရှိ MAB ဘဏ် ဓါးပြတိုက်ခံရမှုဖြစ်စဉ်၌ ဘဏ်ဝန်ထမ်းများဖြစ်သည့် ဘဏ်ခွဲ ဒု-မန်နေဂျာ၊ လက်ထောက်ကြီးကြပ်ရေးမှူးအပါအဝင် ပါဝင်ပတ်သက်သူ (၉) ဦး ဖမ်းဆီးရမိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးဖွဲ့ ရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်းထုတ်ပြန်ရာတွင် ရမည်းသည်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ မြန်မာ့ရှေ့ဆောင်ဘဏ်ကို နိုဝင်ဘာလ၂၆ရက်နေ့ မွန်းလွဲ၁နာရီခန့်က ဓါးပြတိုက်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး မသင်္ကာဖွယ်ရာဘဏ်ဝန်ထမ်းများဖြစ်တဲ့ ဘဏ်ခွဲဒုတိယမန်နေဂျာသန်းဇော်ကိုနဲ့ လက်ထောက်ကြီးကြပ်ရေးမှူးဖြစ်တဲ့ ကျော်ကျော်ဦးနဲ့ ဝေဖြိုးလှိုင် အား လုံခြုံရေးတပ်ဖွဲ့က ခေါ်ယူစစ်ဆေးရာ ပြောဆိုချက်များအရ ဓါးပြတိုက်မှု တွင်ပါဝင်သူ ဝါးတိုးရပ်ကွက် ရမည်းသင်းမြို့နေ ကျော်စိုးသိန်းကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။


ထပ်မံ၍ကျော်စိုးသိန်း၏ ပြောပြချက်အရ ရမည်းသင်းမြို့နယ် ပေါက်ကုန်းကျေးရွာနေသူ ကျော်ခိုင်ဦးအား ဓါးပြတိုက်မှုတွင်စီးနှင်းခဲ့တဲ့ TARYAN110 အမျိုးအစားဆိုင်ကယ်တစ်စီး၊ သျှာထိုးဦးထုတ်၁လုံး၊ လက်ကိုင်ဖုန်း၂လုံး၊၊ ရမည်းသင်းမြို့နယ် ညောင်ပင်သာကျေးရွာနေ ဇော်ကြီးအား KANBO110 အမျိုးအစားဆိုင်ကယ်တစ်စီး၊ စတီးရိုးတပ် အရိုးအသွားတစ်ပေခန့် ဓါးဦးချွန်နှစ်ချောင်းနှင့် လည်းကောင်း၊ ရမည်းသင်းမြို့၊ ဝါးတိုးရပ်ကွက်နေ ဒေါ်ကျင်ဌေးနှင့် သမီးဖြစ်သူ သန္တာဖွေး(ခ)ဖွေးဖွေးတို့ ၏နေအိမ်အပေါ်ထပ်တွင် ဓါးပြတိုက်ရာမှယူဆောင်သွားသော ငွေကျပ် ၁၀၆၅၀၀၅၀၀ သိန်းအားလည်းကောင်း၊ ရမည်းသင်းမြို့၊ မြို့ မရပ်ကွက်၊ ကြည်တော်ကုန်းရပ်နေ ဒေါ်ကျင်ဌေး၏ တူတော်စပ်သူ မောင်တိုး(ခ)တိုးတိုး ၏နေအိမ်တွင် ငွေကျပ်၅၀၀၀၀၀၀သိန်းတို့ အား ဖမ်းဆီးထိန်းသိမ်းရမိ ခဲ့ပြီး ဘဏ်ဓါးပြတိုက်မှုတွင်ပါဝင်သူ၉ဦးအား ဥပဒေအရအရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။