#LocalNews

Published 25 Nov 2021

ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံNakhon pathom ခရိုင်၊Nakhon Pathomမြို့နယ် phra pathom ကျေးရွာအုပ်စုနဲ့ Kanchanaburi မြို့နယ် ko Samrong ကျေးရွာအုပ်စု အမှတ် ၅ ကျေးရွာအတွင်း လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ အကြီးအကဲတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဖမ်းဆီးရမိမှုဖြစ်စဥ်မှာ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက phra pathom ကျေးရွာအုပ်စုအတွင်း တရားခံ ၂ ဦးကို လိုင်စင်မဲ့လက်နက်မျိုးစုံ ၇၉၁ လက်၊လိုင်စင်ပါ လက်နက်မျိုးစုံ ၁၂၅ လက်၊စက်သေနတ် ၃ လက်၊ကျည်ဆန်မျိုးစုံ ၆,၃၈၃ တောင့်နဲ့ အခြားဆက်စပ်ပစ္စည်များ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

Nakhon Pathom ခရိုင်ရဲတပ်ဖွဲ့က နိုဝင်လာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မယ့် မြို့နယ်၊ခရိုင် ရပ်ကွက်အုပ်ချုပ်ရေးမှူး
ရွေးကောက်ပွဲမတိုင်မီ ကြိုတင်ကာကွယ်တဲ့အနေနဲ့ လက်နက်ခဲယမ်းများဖမ်းဆီးရမိရေးစီမံချက်နဲ့ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ Nakhon Pathom ခရိုင် ရဲတပ်ဖွဲမှူး pol.gen.ThanayutjarusThammarong ကပြောပါတယ်။

ဒါ့အပြင် နိုဝင်ဘာ၂၀ရက်နေ့ကလည်းkanchanaburiခရိုင် Kanchanaburi မြို့နယ် Ko samrong ကျေးရွအုပ်စု အမှတ် ၅ ကျေးရွာမှာလည်း တည်းခိုခန်းတစ်ခုမှ အမျိုသားတစ်ဦး၊အမျိုးသမီးတစ်ဦးထံမှ လက်နက်မျိုးစုံ ၁၁၁ လက် ကျည်မျိူးစုံ ၁,၃၂၀ တောင့်၊မှန်ပြောင်းနဲ့ အခြားဆက်စပ်ပစ္စည််းများ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူတွေကို ဥပဒေအရအရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

#Yangon_Media_Group