#LocalNews 

Published - 20 Nov 2021

 

"ဝ"ဒေသ ပန်ခမ်းမြို့ရှိ ဆေးရုံတစ်ရုံတွင် ကိုဗစ်ကူးစက်မှုဖြစ်ခဲ့ပြီး ဆေးရုံတက်ရောက်ခဲ့သူများ အမြန်ဆုံးသတင်းပို့ရန် ပန်ခမ်းမြို့ကိုဗစ်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့က အထူးကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အထူးကြေညာချက်တွင် ပန်ခမ်းမြို့ နားလော့ဒေသရှိ ၆၁၈ ဆေးရုံတွင်ကိုဗစ်ကူးစက်မှုဖြစ်ပေါ်ခဲ့တာကြောင့် နိုဝင်ဘာလ ၅ ရက်နေ့ကနေ နိုဝင်ဘာလ ၁၁ ရက်နေ့အတွင်း ၆၁၈ ဆေးရုံတွင် တက်ရောက်ကုသခဲ့သော လူနာတွေနဲ့ ဧည်သည်အားလုံး"ဝ"ပြည်နယ်ကျန်းမာရေးဌာနကို သတင်းပို့ကာ စစ်ဆေးမှုခံယူရန် အထူးကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။


မကြာသေးခင်ကလည်း ကိုဗစ်ကူးစက်မှုကြောင့်"ဝ"ဒေသ ပန်ခမ်းမြို့ကို၊နိုဝင်ဘာလ၊ ၁၁ ရက်နေ့ ည ၁၂:၀၀ နာရီအချိန်တွင် lockdown ချ၍ တစ်မြို့လုံး အာခေါင်တို့ဖတ်စစ်ဆေးမှုပြုလုပ်ရန် ဆုံးဖြတ်လိုက်ပြီး မိဘပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့နဲ့ ၂၀၂၁ ခုနှစ်၊နိုဝင်ဘာလ၊ ၁၆ ရက်နေ့ခန့်တွင် lockdown ပြန်ဖျက်သိမ်းမှာဖြစ်လို့ မိဘပြည်သူများအနေနဲ့ စည်းကမ်းလိုက်နာကြပါရန် အသိပေးထားခဲ့ပါတယ်။

 

ကိုဗစ်တတိယလှိုင်းကာလမှာ "ဝ" ဒေသအနေနဲ့ ကူးစက်မှုမရှိအောင် တင်းကြပ်စွာဆောင်ရွက်ခဲ့ပြီး ပန်ခမ်းမြို့မှာ ဒုတိယအကြိမ် တစ်မြို့လုံး အာခေါင်တို့ဖတ်စစ်ဆေးမှုလုပ်ငန်း သြဂုတ်လ ၂၁ ရက်နေ့က ဆောင်ရွက်ခဲ့သလို စုစုပေါင်းစစ်ဆေးသူ ၅၂,၉၂၂ ဦး နှင့် စစ်ဆေးမှုရလဒ်အားလုံးမှာ negative ထွက်ရှိခဲ့ပါတယ်။

 

ဒါကြောင့် ပန်ခမ်းမြို့ covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနရဲ့ ခွင့်ပြုချက်အရ ပန်ခမ်းမြို့အတွင်း သြဂုတ်လ ၂၁ရက်နေ့ည ၈:၀၀ နာရီအချိန်မှစ၍ပုံမုန်သွားလာခွင့်ပြုခဲ့ပြီး ယခုအခါ ကူးစက်မှုအချို့တွေ့ရှိရတာကြောင့် ပြန်လည်ကန့်သတ်ပိတ်ပင်ကာ စစ်ဆေးရတာဖြစ်တယ်လို့ သိရပါတယ်။

#Yangon_Media_Group