Published 18 Nov 2021

ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမှတ်တရပစ္စည်းဖြစ်တဲ့ ဂျပန်ဓားကို ပြုပြင်ခဲ့ပြီးပြီဖြစ်လို့ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပေးပြီး တွေ့ဆုံဖို့ အဆင်သင့်ဖြစ်နေတဲ့အကြောင်း မစ္စတာဆာဆာကာဝါက ပြောပါတယ်။

 ဒီကနေ့ ရန်ကုန်မြို့၊  Melia Hotel မှာပြုလုပ်တဲ့  သတင်းစာရှင်းလင်းပွဲမှာ အခုလို ထည့်သွင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

 ဂျပန် တော်ဝင် တပ်မတော်ကနေ ဗိုလ်ချုပ်ကို ပေးတဲ့ ဓားကို ပြန်လည် မွမ်းမံထိန်းသိမ်းဖို့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလတုန်းက  ဒေါ်အောင်ဆန်းစုကြည်ကနေ မစ္စတာ ဆာဆာကာဝါကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

 ဂျပန်ဓါးကို ပြုပြင်တာအချိန်(၈)လကြာအောင် ပညာရှင်တွေနဲ့ မွမ်းမံခဲ့ရတယ်လို့လည်း  မစ္စတာဆာဆာကာဝါက ဆိုပါတယ်။

 ဒါ့အပြင် ယခုလာရောက်တဲ့ မြန်မာပြည်တွင်း ခရီးစဉ်မှာNLD ပါတီက ခေါင်းဆောင်အချို့နဲ့လည်း တွေ့ဆုံခဲ့ပေမယ့် ဘယ်သူနဲ့ တွေ့ဆုံခဲ့ပြီး ဘာတွေဆွေးနွေးခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာ မရှိပါဘူး။