Published 17 October 2021

ကချင်ပြည်နယ်၊ ပူတာအို​ဒေသအတွင်းမှာရှိတဲ့ ဝေးလံ​ခေါင်ဖျား ကျေးရွာများတွင် ကျန်းမာ​ရေး​ဝန်ထမ်း မလုံ​​လောက်မှုနှင့် ဆေးဝါးလိုအပ်မှုများရှိ​နေတယ်လို့ ​ဒေသခံများထံမှ သိရပါတယ်။

"ဒီမှာက ဆရာဝန်မရှိတာ​တွေ​ရော သူနာပြု မရှိတာ​တွေ​ရော လိုအပ်ချက်​တွေက အများကြီး​ပေါ့။ ကျန်းမာ​ရေးနဲ့ပတ်သက်ရင် လိုအပ်ချက်​တွေ အများကြီးရှိပါတယ်။ ကျန်းမာ​ရေးနဲ့ဆိုင်တဲ့ ပညာ​ပေး အဖွဲ့​တွေလည်း အများကြီး မရှိတဲ့ အခါကျ​တော့ ​ဒေသခံ​တွေရဲ့ ​ဆေးဝါးကုသ​ရေး အပိုင်းမှာ အများကြီး အခက်အခဲရှိပါတယ်။ ​ဆေးဝါး​တွေက ဒီဘက်မှာ အရမ်းရှားပါတယ်။ ပူတာအိုမြို့​​​ပေါ် မှာ​တော့ ပြည့်စုံပါတယ်။ ပူတာအို အထက်ဘက်​ရေခဲ​တောင်တန်း​ဒေသ​တွေ ဖြစ်တဲ့ ခေါင်လန်ဖူးတို့ ပန်နန်းဒင်တို့ အဲ့ဘက်​တွေမှာ ကျန်းမာရေးဝန်ထမ်း အင်မတန်ရှားပါးပါတယ်။ ​ဆေးဝါးမလုံ​လောက်တာ​တွေ ဆရာ၊ဆရာမ မလုံ​လောက်တာ​တွေ​ပေါ့​။"လို့ ပူတာအို ​ဒေသခံ ပရဟိတသမားတစ်ဦး ဖြစ်သူကိုဆန်လုရမ်ဆိန်း က​ပြောပါတယ်။

 ပူတာအို ​ဒေသအတွင်းမှာရှိတဲ့ ​​ဝေးလံ​ခေါင်ဖျားသည့် ​ကျေးရွာများဖြစ်သည့် ​ခေါင်လန်ဖူး၊ပန်နန်းဒင်၊တဟွန်းဒန်း အစရှိသည့် ​တိုင်းရင်းသား လူမျိုးစုများ​ အများဆုံး ​နေထိုင်ရာ ကျေးရွာ​ပေါင်း(၂၀၀)​လောက်က ကျန်းမာ​ရေး​စောင့်​​ရှောက်မှု​တွေကို အထူးလိုအပ်​နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

"ကျ​နော်တို့ ပရဟိတအဖွဲ့​တွေက​​တော့ ဒီဘက်မှာနိုင်သ​လောက်​လေး လုပ်​ပေး​နေပါတယ်။ ​​အလှူရှင်​တွေ ရှိရင်ရှိသလို​ပေါ့ ​ကျေးရွာ​တွေကို စားနိပ်ရိက္ခာပို့​ဆောင်​ပေး​တာ​တွေ ​ဆေးဝါး​ပစ္စည်းပို့​ဆောင်​ပေးတာ​တွေကို ​ဆောင်ရွက်​ပေး​နေပါတယ်။"လို့လည်းကိုဆန်လုရမ်ဆိန်း က​ ဆိုပါတယ်။