#Local_News
Published_ 7 May 2023

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ အားကောင်းလာနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမူဦးစီးဌာနက မေလ ၇ရက်နေ့ မှာသတိပေးချက်ထုတ်ပြန်ခဲ့ပြီးနောက် ရန်ကုန်မြို့ရှိလူနေရပ်ကွက်များမှာလည်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့များက သတိပေးချက်များထုတ်ပြန်နေသည်။

 

လူမှုကွန်ယက်တွေမှာလည်း မုန်တိုင်းသတင်းနဲ့ပတ်သက်ပြီး သတင်းအမျိုးအမျိုးပြန့်နှံ့နေပြီး မိုးဇလကတော့ မေလ ၁၀ရက်နေ့အတွင်းဆိုက်ကလုန်းမုန်းတိုင်းအဖြစ်ပြောင်းလဲနိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

မေလ၅ရက်နေ့ညပိုင်းကတည်းက ပင်လယ်ရပ်ကွက်နေပြည်သူများအနေဖြင့် အရေးကြီးစာရွက်စာတမ်းတွေကို သိမ်းဆည်းထားကြဖို့ အသက်အန္တရာယ်ကြိုတင်ကာကွယ်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမမှူးတွေက အော်လံများဖြင့် လိုက်လံတိုက်တွန်းနေကြောင်း ဒလမြို့နယ် မြို့မ ၄ ရပ်ကွက်နေပြည်သူတစ်ဦးက YMG ကိုပြောသည်။

 

မိုးဇလကတော့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် မေလ ၇ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)တစ်ခုဖြစ်ပေါ်နိုင်ပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)ဟာ မေလ ၈ရက်နေ့တွင် မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိနိုင်တယ်လိုထုတ်ပြန်ထားသည်။

 

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့်လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူမြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက်ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ သတိပြုကြဖို့နှင့်ကမ်းရိုးတန်းတစ်လျှောက်၊ မြစ်ငယ်၊ချောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေနှင့်လည်းရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နိုင်တဲ့အတွက် ကြိုတင်သတိပြုနေထိုင်ကြဖို့ ထုတ်ပြန်ထားသည်။

 

#ymg/ynzw #Local_News #ဘင်္ဂလားပင်လယ်အော် #ဆိုက်ကလုန်းမုန်တိုင်း #မိုးဇလထုတ်ပြန် #YMG #Yangon-Media-Group