#World_News
Published 20 January 2024


ဂျပန်နိုင်ငံမှ Moon Sniper အာကာသယာဥ်ဟာ ဇန်နဝါရီ ၁၉ ရက်နေ့က လကမ္ဘာမျက်နှာပြင်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။

 

ဒါပေမဲ့ ဂျပန်အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီ(JAXA)က ယာဥ်ရဲ့ဆိုလာဆဲလ်များ စွမ်းအင်အလုံအလောက် မထုတ်လုပ်နိုင်ဘူးလို့ ဆိုပါတယ်။

 

Smart Lander for Investigating Moon (SLIM)ရဲ့ ကြိုးပမ်းမှုဖြင့် ဂျပန်ဟာ လကမ္ဘာပေါ် ဆင်းသက်နိုင်တဲ့ ပဥ္စမမြောက်နိုင်ငံ ဖြစ်လာပါတယ်။

 

ဒီမတိုင်ခင်မှာ အမေရိကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယတို့က လကမ္ဘာပေါ် ဆင်းသက်ခဲ့ကြတာ ဖြစ်ပါတယ်။

 

JAXA မှ လကမ္ဘာမစ်ရှင် ၂ ခုနဲ့ ဒုံးပျံပစ်လွှတ်မှု မအောင်မြင်ခဲ့ပြီးနောက် ဂျပန်ဟာ အခုနောက်ဆုံး အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

 

ဂျပန်က ဂြိုဟ်မွှားတစ်ခုပေါ်မှာ အလားတူ ဆင်းသက်မှုမျိုးပြုလုပ်ခဲ့ပြီး ဖြစ်ပေမယ့် လကမ္ဘာက ဆွဲငင်အားပိုကောင်းတာကြောင့် အနည်းငယ်ကွာခြားပါတယ်။

 

ယခုသောကြာနေ့က ဆင်းသက်မှုဟာ လကမ္ဘာအတွင်းလွှာရှိ ကျင်းဝတစ်ခုပေါ်သို့ ဆင်းသက်ရန် ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

 

ဆင်းသက်မှု အောင်မြင်ခဲ့ပေမယ့် အစောပိုင်းအချိန်မှာ JAXA ကနေ ထုတ်ဖော်ကြေညာခြင်း မရှိတာကြောင့် အာကာသယာဥ်ဟာ ဝင်တိုက်ပျက်စီးသွားတယ်လို့ ထင်မြင်စရာ ဖြစ်ခဲ့ပါတယ်။

 

တစ်နာရီကျော်ကြာတော့မှ ဆင်းသက်ခဲ့ပြီလို့ အေဂျင်စီက အတည်ပြုခဲ့ပါတယ်။

 

၂၀၂၄ ဇန်နဝါရီ ၂၀ ရက်နေ့ ဂျပန်စံတော်ချိန် အရုဏ် ၁၂ နာရီ ၂၀ မိနစ်မှာ SLIM က လကမ္ဘာပေါ် ဆင်းသက်ခဲ့ပြီလို့ JAXA က အတည်ပြုခဲ့ပါတယ်။

 

ဒါပေမဲ့ ဆိုလာဆဲလ်တွေ စွမ်းအင်မထုတ်လုပ်နိုင်ဘဲ လကမ္ဘာမျက်နှာပြင်ကနေ အချက်အလက် ရရှိမှုကို အဓိကဦးစားပေးနေပါတယ်လို့ ဆိုပါတယ်။

 

SLIM က ယာဥ်မှာတပ်ဆင်ထားတဲ့ ဘက်ထရီတွေနဲ့ လည်ပတ်နေရပြီး အချက်အလက်တွေက အာကာသယာဥ်ထဲမှာ သိမ်းဆည်းထားကာ ကမ္ဘာမြေသို့ အရင်ဆုံး အချက်အလက်များ ပြန်ပို့ပြီး သိပ္ပံနည်းကျရလဒ်များ အကောင်းဆုံးရရှိအောင် လုပ်ဆောင်နေပါတယ်လို့ JAXA မှအရာရှိ ဟီတိုရှီကူနီနာကာက ပြောပြသွားပါတယ်။

 

လကမ္ဘာသို့ လူသားများရောက်ရှိပြီး နှစ် ၅၀ အကြာမှာ လကမ္ဘာမျက်နှာပြင်ပေါ် ဆင်းသက်တာနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ စိတ်ဝင်စားမှုများ ရှိလာပါတယ်။

 

#World_News #ဂျပန်မှMoonSniperအာကာသယာဥ် #လမျက်နှာပြင်ပေါ်သို့အောင်မြင်စွာဆင်းသက်နိုင် #Source: WION