#World_News
Published 18 August 2026
■ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကြန့်ကြာနေချိန်မှာ အီရန်က ခံစစ်အခြေအနေကနေ အပြည့်အဝ ထိုးစစ်ဆင်ရေးသို့ ပြောင်းလဲသွားမယ်လို့ အီရန်အကြီးတန်းအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
■ သံတမန်ရေးရာ အဆင်မပြေပါက အမေရိကန် ရေကြောင်းပိတ်ဆို့မှုများ ချိုးဖျက်ပြီး ဒေသတွင်း ရေကြောင်းသွားလာမှု ဟန့်တားဖို့အတွက် ပစ်မှတ်ထား စစ်ရေးတိုက်ခိုက်မှုတွေ ပြုလုပ်ရန် အသင့်ရှိကြောင်း အီရန်က သတိပေးခဲ့ပါတယ်။
■ ဇွန်လ ၁၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တဲ့ ရက် ၆၀ ကြာ နားလည်မှုစာချွန်လွှာက ဩဂုတ် ၁၇ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။
■ အီရန်က ရေလက်ကြား ထိန်းချုပ်ခွင့်ပေးတယ်ဆိုတဲ့ အငြင်းပွားဖွယ် နားလည်မှုစာချွန်လွှာပါ အချက် ၅ အပေါ် ကွဲလွဲမှုတွေကြောင့် ယာယီအပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားခဲ့ပါတယ်။
■ အီရန်တပ်တွေက ရေလက်ကြား ဖြတ်သန်းသွားလာရန် အတည်မပြုထားတဲ့ လမ်းကြောင်းမှ သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်သဖြင့် စွမ်းအင်လောင်စာ ပို့ဆောင်ရေးများ ပျက်စီးသွားခဲ့ပါတယ်။
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယာယီသဘောတူညီချက် သက်တမ်းတိုးရန် ငြင်းပယ်ခဲ့ပြီး အီရန်ကို ခြွင်းချက်မရှိ အလံဖြူပြလက်နက်ချရန် တိုက်တွန်းခဲ့ပါတယ်။
■ သံတမန်ရေး ဆွေးနွေးပွဲများ ပြန်လည်စတင်ရန်အတွက် အမေရိကန်အနေဖြင့် ပြဌာန်းချက်အားလုံးကို မဖြစ်မနေ လိုက်နာရန်လိုအပ်ကြောင်း အီရန်က ဆိုပါတယ်။
■ အီရန်ရဲ့ နျူကလီးယားအစီအစဉ်၊ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုများနဲ့ ရေရှည်ငြိမ်းချမ်းရေး သဘောတူညီချက်ဆိုင်ရာ ပိုမိုကျယ်ပြန့်တဲ့ ဆွေးနွေးပွဲများ လုံးဝပိတ်ဆို့နေဆဲ ဖြစ်ပါတယ်။
Source: Reuters