#World_News
Published 13 November 2026
■ လက်ရှိ Nvidia CEO ဟောင်း Jensen Huang ဟာ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးနဲ့ပါ ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။
■ Jensen Huang ဟာ အရင်ကတည်းက အိမ်ထောင်ရေးဖောက်ပြန်မှု နှစ်ခုရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အခုတစ်ကြိမ်မှာတော့ တတိယမြောက် အမျိုးသမီးတစ်ဦးနဲ့ပါ ပတ်သက်မှုရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ထပ်မံထွက်ပေါ်လာတာပါ။
■ အရင်က ဖော်ပြခံခဲ့ရတဲ့ အမျိုးသမီးနှစ်ဦးကတော့Alice Huang အမည်ရှိ တရုတ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး စင်ကာပူအခြေစိုက် Megaspeed ကုမ္ပဏီမှာ အမှုဆောင်ဟောင်းတစ်ဦးလည်းဖြစ်ပါတယ်။
■ နောက်တစ်ဦးကတော့ Nvidia ရဲ့ Healthcare ဌာနမှာ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး Jensen Huang လက်အောက်မှာ အလုပ်လုပ်ခဲ့သူပါ။
■ အခုထပ်မံထွက်ပေါ်လာတဲ့ တတိယမြောက် အမျိုးသမီးကတော့ Nvidia ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ သိရပေမဲ့ ဘယ်သူဘယ်ဝါဆိုတာကိုတော့ သတင်းမှာဖော်ပြထားခြင်းမရှိပါဘူး။
■ နိုဝင်ဘာ ၈ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ Jensen Huang ဟာ အိမ်ထောင်ရေးဖောက်ပြန်မှုတစ်ခုရှိခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဘယ်အမျိုးသမီးနဲ့ ပတ်သက်ခဲ့တာလဲဆိုတာကိုတော့ အမည်တပ်ပြီးပြောကြားခဲ့ခြင်းမရှိပါဘူး။
■ နောက်ပိုင်းမှာတော့ Nvidia မှာ ၃၃ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ Jensen Huang ဟာ CEO ရာထူးကနေ နုတ်ထွက်ခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
■ ဒီအရှုပ်တော်ပုံမှာ Alice Huang နဲ့ပတ်သက်တဲ့ ကိစ္စက ပိုပြီး စိတ်ဝင်စားစရာကောင်းလာပါတယ်။
■ အကြောင်းကတော့ Alice Huang ဟာ Nvidia နဲ့ စီးပွားရေးအရ ဆက်ဆံနေချိန်မှာ တရုတ်နိုင်ငံအတွင်း Huawei ကို အကျိုးအမြတ်ရစေတဲ့ စီးပွားရေးလုပ်ငန်းအချို့မှာ ရှယ်ယာပိုင်ဆိုင်ထားနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့်ပါ။
■ ဒါ့အပြင် အမေရိကန်ထောက်လှမ်းရေးအရာရှိအချို့က Alice Huang ဟာ တရုတ်ထောက်လှမ်းရေးအဖွဲ့တွေနဲ့ ဆက်နွယ်မှုရှိနိုင်တယ်လို့ သံသယရှိခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။ ဒါပေမယ့် တရုတ်ဘက်ကတော့ သူမဟာ သူလျှိုမဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။
■ တစ်ဖက်မှာလည်း Alice Huang နဲ့ ဆက်စပ်နေတဲ့ Megaspeed ကုမ္ပဏီဟာ တရုတ်နိုင်ငံကို အမေရိကန်က ကန့်သတ်ထားတဲ့ AI Chip တွေ ရရှိအောင် ကူညီပေးခဲ့သလားဆိုတာကို အမေရိကန်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
Source-Wion