#World_Health
Published 17 July 2026

■ လျင်မြန်စွာ တိုးတက်နေတဲ့ ခေတ်ကြီးမှာ ညနက်သန်းခေါင်အထိ မအိပ်သေးဘဲ နေလာကြတာ ပုံမှန်လိုဖြစ်နေပါပြီ။

■ ရုံးအလုပ်တွေက ညဘက်အထိ လုပ်လာရသလို ဖုန်း၊ ကွန်ပျူတာတို့လည်း ညနောက်ကျတဲ့အထိ ကြည့်နေကြပါတယ်။

■ ဒါ့အပြင်ကိုမှ အာလူးကြော်၊ မုန့်အချိုများ၊ ကဖင်း၊ သောက်စရာများလည်း စားလာကြကာ အသည်းကို ဖိအားပိုများလာစေပါတယ်။

■ လူတွေက စားသောက်ပုံစံနဲ့ လေ့ကျင့်ခန်းကို ဦးစားပေးကြပေမယ့် အရေးကြီးတဲ့ အိပ်စက်မှုကိုတော့ သတိမပြုမိကြပါဘူး။

■ အိပ်ရေးမဝတဲ့အခါ အသည်းလုပ်ဆောင်ချက်နဲ့ အသည်းပြဿနာတွေ ဆက်စပ်ဖြစ်ပေါ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေ ဆိုပါတယ်။

■ နောက်ကျမှ အိပ်စက်ပြီး ကျန်းမာရေးမညီညွတ်စွာ စားတတ်သူတွေဟာ ခန္ဓာကိုယ်တွင်း ဇီဝစက်ဝန်းနှောင့်ယှက်စေပြီး အသည်းထိခိုက်စေနိုင်ပါတယ်။

■ အိပ်စက်မှု မကောင်းတဲ့အခါ အသည်းအဆီဖုံးရောဂါ ဖြစ်နိုင်ခြေများစေပြီး နောက်ကျမှ အစားစားခြင်းက အချိုတွေ အဆီတွေ များများစားမိစေသဖြင့် အိပ်စက်မှုကို ပိုဆိုးစေနိုင်ပါတယ်။

■ ညမအိပ်ခင် အယ်ကိုဟောသောက်ခြင်းကြောင့် အိပ်စက်မှုထိခိုက်စေနိုင်ပြီး အသည်းအပေါ် ဖိအားပိုများစေပါတယ်။

■ ပုံမှန်အိပ်ချိန်ထားရှိခြင်း၊ အယ်ကိုဟောလျှော့သောက်ခြင်း စသဖြင့် နေထိုင်စားသောက်မှုပုံစံ အနည်းငယ်ပြောင်းလဲပေးပါက အသည်းကျန်းမာရေးကို ကာကွယ်စေနိုင်မှာ ဖြစ်ပါတယ်။

Source: India Today