#World_News
Published 09 November 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့အပေါ် သစ္စာရှိတဲ့ Stephen Miller ကို အိမ်ဖြူတော်ရဲ့ အကြီးအကဲတာဝန် ပေးအပ်လိုက်တာကြောင့် သူ့ရဲ့သမ္မတသက်တမ်း နောက်ဆုံးနှစ်နှစ်အတွင်း နိုင်ငံရေးထိပ်တိုက်ရင်ဆိုင်မှုတွေကို ပိုမိုပြင်းထန်စွာ လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ ထရမ့် အစိုးရအရာရှိတွေနဲ့ ရီပတ်ဘလစ်ကန်ပါတီဝင်တချို့က သုံးသပ်နေကြပါတယ်။
■ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေက ရီပတ်ဘလစ်ကန်ပါတီကို အပြင်းအထန် အရေးနိမ့်စေခဲ့ပေမဲ့ Stephen Miller ကို အဓိကတာဝန်ပေးလိုက်တာကြောင့် ထရမ့်အစိုးရရဲ့ မူဝါဒတွေမှာ အပြောင်းအလဲကြီးကြီးမားမား ဖြစ်လာဖို့ မရှိဘူးလို့ ဆိုကြပါတယ်။
■ အထူးသဖြင့် တရားမဝင်ရွှေ့ပြောင်းဝင်ရောက်မှုတွေကို ဆက်လက်နှိမ်နင်းမယ်၊ လူမှုယဉ်ကျေးမှုဆိုင်ရာ ပဋိပက္ခတွေကို ပိုမိုအလေးပေးမယ်၊ ဒီမိုကရက်ပါတီက ထိန်းချုပ်ထားတဲ့ ကွန်ဂရက်လွှတ်တော်ကိုလည်း လိုက်လျောမှုတွေ လုပ်မှာမဟုတ်ဘူးလို့ အစိုးရအရာရှိတွေနဲ့ ကျွမ်းကျင်သူတွေက Reuters ကို ပြောပါတယ်။
■ ဒါ့အပြင်ထရမ့်ကို ထောက်ခံဖို့ တွန့်ဆုတ်နေတဲ့ ရီပတ်ဘလစ်ကန်လွှတ်တော်အမတ်တွေကိုလည်း ဖိအားပိုပေးလာနိုင်သလို စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အိမ်ဖြူတော်ကို သူတို့ရဲ့အကျိုးစီးပွားအတွက် စည်းရုံးဖို့ ပိုခက်ခဲလာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
■ ထရမ့်ဟာ ဒီမိုကရက်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တယ်လို့ ပြောထားပေမဲ့ ရွေးကောက်ပွဲရလဒ်တွေ ထွက်ပေါ်လာပြီးနောက်ပိုင်းမှာတော့ ပိုမိုတင်းမာတဲ့ သဘောထားကို ပြသလာခဲ့ပါတယ်။
■ ပြီးခဲ့တဲ့စနေနေ့မှာလည်း ဒီမိုကရက်တွေဟာ ရီပတ်ဘလစ်ကန်ပါတီရဲ့ အလှူရှင်တွေနဲ့ ထရမ့် ရဲ့ မဟာမိတ်တွေထံ ခြိမ်းခြောက်စာတွေ ပေးပို့ခဲ့တယ်လို့ စွပ်စွဲပြီး တရားရေးဝန်ကြီးဌာနကို စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားခဲ့ပါတယ်။
■ ဒါ့အပြင် ကိုယ်ခံပညာနဲ့ အားကစားပွဲတွေကို စီစဉ်သူ Dana White ကိုလည်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်ဖို့ ကမ်းလှမ်းခဲ့ပါသေးတယ်။
Source-Reuters