#World_Health
Published 18 August 2026
■ သုတေသီများဟာ ရှေးခေတ်တရုတ်တိုင်းရင်းဆေးပညာမှာ နှစ်ပေါင်း ၁ ထောင်ကျော် အသုံးပြုခဲ့တဲ့ Polygonum multiflorum ဆေးဘက်ဝင်အပင်ကို လေ့လာသုံးသပ်ခဲ့ကြပြီး ဆံပင်ကျွတ်ခြင်းအတွက် အသုံးပြုနိုင်ခြေရှိမရှိ ဆန်းစစ်ခဲ့ကြပါတယ်။
■ Minoxidil နဲ့ Finasteride တို့လို ဆံပင်ကျွတ်ကုသဆေးတွေဟာ အချို့လူတွေမှာ ဘေးထွက်ဆိုးကျိုးများ ဖြစ်စေပြီး လူတိုင်းမှာ ထိရောက်ခြင်း မရှိပါဘူး။
■ သာမန်ဆေးတွေလို လုပ်ဆောင်နိုင်စွမ်း တစ်ခုတည်းမဟုတ်ဘဲ ဒီဆေးဘက်ဝင်အပင်ဟာ ဆံပင်ပြန်ပေါက်စေမယ့် ဇီဝဗေဒဆိုင်ရာ လမ်းကြောင်းအတော်များများကို တပြိုင်တည်း လုပ်ဆောင်ပေးနိုင်ပုံ ရပါတယ်။
■ ထိပ်ပြောင်ခြင်းနဲ့ ဆံပင်ကျွတ်ခြင်းရဲ့ အဓိကအကြောင်းအရင်းဖြစ်တဲ့ DHT ဟော်မုန်းရဲ့ သက်ရောက်မှုကို လျှော့ချပေးနိုင်ပါတယ်။
■ လေ့လာတွေ့ရှိချက်များအရ မွေးညင်းပေါက်ဆဲလ်များ စောစီးစွာသေဆုံးခြင်းကို တားဆီးပေးနိုင်ပြီး Wnt နဲ့ Shh တို့လို ပြန်လည်ရှင်သန်မှု လမ်းကြောင်းများကို နှိုးဆွပေးပါတယ်။
■ ဦးရေပြားသွေးလှည့်ပတ်မှု ကောင်းမွန်စေခြင်းဖြင့် သက်ဝင်လှုပ်ရှားနေတဲ့ ဆံပင်မွေးညင်းပေါက်များထံ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်များကို တိုက်ရိုက်ဖြည့်ဆည်းပေးပါတယ်။
■ သဘာဝထွက်ကုန်ဖြစ်ရုံကြောင့်တော့ ဘေးအန္တရာယ်ကင်းတယ်လို့ မဆိုလိုဘဲ စနစ်တကျ ပြုပြင်ထုတ်လုပ်ဖို့က အရေးကြီးပြီး မိမိသဘောဖြင့် ကုသမှုမလုပ်ရန် သုတေသီများ သတိပေးထားပါတယ်။
■ ပုံမှန်ကုသမှု ဖြစ်မလာခင်မှာ လူတွေဖြင့် အတိုင်းအတာတစ်ခုအထိ တရားဝင် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်နေပါသေးတယ်။
Source: The Jerusalem Post