#World_News
Published 17 November 2026

■ ဗြိတိန်မင်းသား Robert Pattinson ကို နာမည်ကျော် လျှို့ဝှက်အေးဂျင့် ဇာတ်ကောင် James Bond (007) အဖြစ် သရုပ်ဆောင်ဖို့ Amazon MGM Studios က နိုဝင်ဘာ ၁၆ ရက်နေ့မှာ တရားဝင်ကြေညာလိုက်ပါတယ်။

■ အသက် ၄၀ အရွယ် Robert Pattinson ဟာ ရုပ်ရှင်လောကမှာ အလွန်ဂုဏ်သိက္ခာရှိတဲ့ ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ James Bond နေရာကို ဆက်ခံရတော့မှာဖြစ်ပါတယ်။

■ James Bond ဇာတ်ကားတွေဟာ ဗြိတိန်လျှို့ဝှက်အေးဂျင့်တစ်ဦးရဲ့ စွန့်စားခန်းတွေကို ရိုက်ကူးထားတာဖြစ်ပြီး စမတ်ကျတဲ့ ဝတ်စားဆင်ယင်မှု၊ ဆွဲဆောင်မှုရှိတဲ့ ဟန်ပန်နဲ့ Martini ကော့တေးကို "Shaken, not stirred" ဆိုပြီး မှာယူတတ်တဲ့ ပုံစံတွေကြောင့် ကမ္ဘာတစ်ဝန်းမှာ လူကြိုက်များပါတယ်။

■ ၁၉၆၂ ခုနှစ်က Sean Connery ပါဝင်သရုပ်ဆောင်ခဲ့တဲ့ "Dr. No" ဇာတ်ကားနဲ့ စတင်ခဲ့တဲ့ Bond ရုပ်ရှင်စီးရီးဟာ အခုအချိန်အထိ ကမ္ဘာတစ်ဝန်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော် ရရှိထားတာဖြစ်ပါတယ်။

■ လာမယ့် James Bond ဇာတ်ကားဟာ Amazon MGM Studios က တာဝန်ယူရိုက်ကူးမယ့် ပထမဆုံး Bond ဇာတ်ကားလည်းဖြစ်ပါတယ်။

■ Amazon MGM Studios ဟာ ၂၀၂၅ ခုနှစ်မှာ Bond ဇာတ်ကားတွေရဲ့ မူပိုင်ခွင့်ပိုင်ရှင်တွေဖြစ်တဲ့ Michael Wilson နဲ့ Barbara Broccoli တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုအသစ် ပြုလုပ်ခဲ့ပြီးနောက် ဇာတ်ကားတွေရဲ့ ဖန်တီးမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ထိန်းချုပ်ခွင့်ရရှိခဲ့တာပါ။

■ လာမယ့်ဇာတ်ကားကို "Dune" ရုပ်ရှင်စီးရီးနဲ့ "Arrival" ဇာတ်ကားတွေကြောင့် နာမည်ကြီးတဲ့ ဒါရိုက်တာ Denis Villeneuve က ရိုက်ကူးမှာဖြစ်ပြီး ဇာတ်ညွှန်းကိုတော့ ဗြိတိန်ဇာတ်ညွှန်းရေးဆရာ Steven Knight က ရေးသားထားပါတယ်။

■ Robert Pattinson ဟာ ၂၀၂၆ ခုနှစ်အတွင်း "The Odyssey", "The Drama" နဲ့ "Primetime" ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး လာမယ့်လမှာ ရုံတင်မယ့် Denis Villeneuve ရဲ့ "Dune: Part Three" ဇာတ်ကားမှာလည်း ပါဝင်ထားပါတယ်။

■ သူဟာ ၂၀၂၁ ခုနှစ်က "No Time to Die" ဇာတ်ကားနဲ့ James Bond ဇာတ်ကောင်ကနေ နှုတ်ဆက်ခဲ့တဲ့ Daniel Craig ရဲ့ နေရာကို ဆက်ခံမှာ ဖြစ်ပါတယ်။

Source-Reuters