#World_News
Published 03 September 2025

▪️ အင်ဒိုနီးရှားနိုင်ငံ ဘန်ဒန်းမြို့ တက္ကသိုလ်နှစ်ခုအနီးမှာ အင်ဒိုရဲတွေက ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း အာဏာပိုင်များက အင်္ဂါနေ့မှာ ပြောသွားပါတယ်။

▪️ ပြီးခဲ့တဲ့ ရက်သတ္တပတ်တည်းကဆိုရင် ရုန်းရင်းဆန်ခတ်မှုတွေကြောင့် လူ ၁၀ ဦး သေဆုံးထားပါတယ်။

▪️ လွှတ်တော်အမတ်များအတွက် အကျိုးခံစားခွင့်တိုးမြှင့်မှုများ အပါအဝင် အစိုးရအသုံးစရိတ်များအပေါ် ပစ်မှတ်ထားကာ ဂျာကာတာမှာဆန္ဒပြပွဲများစတင်ခဲ့ပြီး တစ်နိုင်ငံလုံးပျံ့နှံ့လာပါတယ်။

▪️ ရဲကားတစ်စီးက မော်တော်ဆိုင်ကယ်တက္ကစီယာဉ်မောင်းကို တိုက်သတ်ပြီးနောက် အဓိကရုဏ်းတွေ လုယက်ဆွဲယူခြင်းတွေအထိ ဖြစ်လာကာ မြို့တော်အတွင်း ဒေါ်လာသန်းချီထိခိုက်ပျက်စီးလာပါတယ်။

▪️ တက္ကသိုလ်ကျောင်းသားတွေက အင်ဒိုနီးရှားဒီမိုကရေစီရဲ့ အမာခံများသဖွယ် ရှိနေပြီး ဆန္ဒပြပွဲတွေကို ဦးဆောင်တဲ့ကဏ္ဍက ပါဝင်နေပါတယ်။

▪️ ဘန်ဒန်းဖြစ်ရပ်က ဆန္ဒပြသူတွေအပေါ် ရဲတွေပစ်ခတ်တဲ့ ပထမဆုံးဖြစ်ရပ်ဖြစ်ပါတယ်။

▪️ ရဲတွေနဲ့ တပ်မတော်က အကြမ်းဖက်မှုများမှ အခိုင်အမာရပ်တည်သွားလိမ့်မယ်လို့ သမ္မတ ပရာဘိုဝိုဆူဘီယန်တိုက သတိပေးထားပါတယ်။

▪️ အရာရှိတွေဟာ UNISBA တက္ကသိုလ်နဲ့ ပါဆွန်ဒန်တက္ကသိုလ်တွေထဲ မဝင်ရောက်ပေမယ့် ကျောင်းအနီးတဝိုက်က ကျောင်းသားမဟုတ်တဲ့ ဆန္ဒပြသူတွေကိုတော့ လူစုခွဲဖို့ ကြိုးစားခဲ့ပါတယ်။

▪️ ရဲတွေဟာ ကျောင်းဝင်းတွေ၊ ဘေးကင်းရေးနေရာတွေကို ပစ်မှတ်ထားနေတယ်လို့ ကျောင်းသားတွေက စွပ်စွဲနေပါတယ်။

▪️ မညီမျှမှုတွေနဲ့ ပေါ်လစီတွေအပေါ် မကျေနပ်မှုတွေကြောင့် သမ္မတလည်း ဆန္ဒပြပွဲတွေနဲ့ ကြုံတွေ့နေရပါတယ်။

▪️ ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ရဲတွေရဲ့ ကြမ်းတမ်းမှုလုပ်ရပ်များနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးလိုနေပါတယ်။

Source: Reuters