#World_Health
Published 2 Feb 2026
■ တစ်နေ့ကို ၅ မိနစ်ခန့် ပိုအိပ်ခြင်း၊ ၂ မိနစ်ခန့် ခပ်မြန်မြန်လမ်းလျှောက်ခြင်း လှေကားတက်ခြင်းတို့ဖြင့် အသက်တစ်နှစ် ပိုရှည်စေနိုင်တယ်လို့ လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
■ တစ်နေ့ကို ဟင်းသီးဟင်းရွက် တဝက်ပါအောင် စားသုံးပေးရင်လည်း အိပ်စက်မှု၊ လှုပ်ရှားမှု အဆိုးရွားဆုံးသူတွေမှာတောင် အသက်တစ်နှစ် ပိုရှည်စေတယ်လို့ လူပေါင်း ၆ သောင်းကို ၈ နှစ်ခန့် လေ့လာခဲ့ရာမှာ တွေ့ရှိခဲ့ပါတယ်။
■ အိပ်ချိန် ၇ နာရီ - ၈ နာရီခန့်အိပ်ခြင်း၊ မိနစ် ၄၀ ကျော် ပြင်းထန်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ ကျန်းမာရေးညီညွတ်စွာ စားသုံးခြင်းတို့ဖြင့် ကျန်းမာရေးကောင်းမွန်စွာ နေထိုင်ရသလို အသက် ၉ နှစ်ကျော်လောက် ပိုရှည်စေနိုင်ကြောင်း eClinicalMedicine မှာ ဖော်ပြထားပါတယ်။
■ အိပ်စက်ချိန်၊ ကိုယ်လက်လှုပ်ရှားခြင်း၊ စားသောက်မှုပုံစံထိန်းသိမ်းခြင်းတို့ ပေါင်းစပ်ကျင့်ကြံခြင်းက တစ်ခုချင်း ပေါင်းတာထက် သက်ရောက်မှုပိုများကြောင်း ယူကေ၊ ဩစတြေးလျ၊ ချီလီ၊ ဘရာဇီးလ်တို့မှ သုတေသနအဖွဲ့က ဖော်ပြပါတယ်။
■ ဒါ့အပြင် တစ်နေ့ကို ၅ မိနစ်ခန့် ပိုပြီးလမ်းလျှောက်ပေးပါက အသက်ဆုံးပါးနိုင်ခြေကို ၁၀ ရာခိုင်နှုန်းလောက် လျှော့ချပေးနိုင်ပါတယ်။
■ တစ်နေ့ကို ဇိမ်ခံထိုင်ချိန် မိနစ် ၃၀ ခန့်လျှော့ချခြင်းဖြင့်လည်း အသက်ဆုံးပါးနိုင်ခြေ ၇ ရာခိုင်နှုန်းလောက် လျော့ကျစေတယ်လို့ အချက်အလက်တွေ တွေ့ရပါတယ်။
■ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှုပုံစံကို အနည်းငယ်မျှပင် အပြုသဘောဆောင် ပြောင်းလဲခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူး အမျိုးမျိုး ရနိုင်တယ်ဆိုတဲ့ အထောက်အထား တွေ့နေရပါတယ်။
■ ဒီတွေ့ရှိချက်တွေဟာ တစ်ဦးတစ်ယောက်စီအတွက် ရည်ရွယ်တာမဟုတ်ဘဲ လူအားလုံးအတွက် ခြုံငုံထားတဲ့ အကျိုးကျေးဇူးတွေသာ ဖြစ်တယ်လို့ သတိပေးထားပါတယ်။
Source: NDTV