#World_News
Published 19 December 2025

■ TikTok ရဲ့ တရုတ်ပိုင်ရှင် ByteDance က အမေရိကန်နဲ့ ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံသူများ ဦးဆောင်မယ့် TikTok's U.S. app လည်ပတ်ဖို့အတွက် ပူးတွဲလုပ်ငန်းလုပ်ဆောင်သွားရန် အဓိကရင်းနှီးမြှုပ်နှံသူ ၃ ဦးနဲ့ သဘောတူလက်မှတ်ရေးထိုးလိုက်ကြောင်း ကြာသပတေးနေ့က ပြောပါတယ်။

■ ဒါဟာ အမေရိကန်အစိုးရမှ ပိတ်ပင်မှုကို ရှောင်ရှားရန်ဖြစ်ပြီး မသေချာမရေရာမှုတွေ အဆုံးသတ်စေမှာ ဖြစ်ပါတယ်။

■ သမ္မတဒေါ်နယ်ထရမ့်ဟာ ၂၀၂၀ ဩဂုတ်တည်းက TikTok ကို ပိတ်ပင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ရာကနေ စတင်ခဲ့ပါတယ်။

■ ဇန်နဝါရီ ၂၀ တရားဥပဒေအရ တရုတ်ပိုင်ရှင်တွေကသာ TikTok ကို မရောင်းဘူးဆိုရင် ပိတ်ပင်သွားမှာဖြစ်ပြီး ယခုသဘောတူညီချက် အသေးစိတ်တွေက စက်တင်ဘာလက ထုတ်ပြန်ခဲ့တာတွေနဲ့ ကိုက်ညီခဲ့ပါတယ်။

■ အမေရိကန်မှ TikTok သုံးစွဲသူ သန်း ၁၇၀ အနေနဲ့ ကမ္ဘာ့ရပ်ဝန်းမှာ အဆက်အသွယ်မပြတ် ဆက်လက်သုံးစွဲနိုင်မှာဖြစ်တယ်လို့ TikTok စီအီးအို ရှိုကျီချူက ပြောပါတယ်။

■ သဘောတူညီချက်အရ အမေရိကန်နဲ့ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေက အစုရှယ်ယာ ၈၀.၁ ရာခိုင်နှုန်း ပိုင်ဆိုင်မှာဖြစ်ပြီး ByteDance ကတော့ ၁၉.၉ ရာခိုင်နှုန်း ကျန်ရှိမှာဖြစ်ပါတယ်။

■ ပူးတွဲလုပ်ဆောင်ချက်အနေဖြင့် အမေရိကန် အချက်အလက်ကာကွယ်ရေး၊ အယ်ဂိုရစ်သမ်လုံခြုံရေး၊ အကြောင်းအရာ သင့်လျော်မှုနဲ့ ဆော့ဖ်ဝဲပိုင်းတွေမှာ လွတ်လပ်တဲ့အရာအဖြစ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

■ TikTok နဲ့ သဘောတူလက်မှတ်ရေးထိုးတဲ့ အဓိကရင်းနှီးမြှုပ်နှံသူတွေက Oracle ၊ Silver Lake နဲ့ MGX တို့ဖြစ်ပြီး အမေရိကန်အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို လုံခြုံစိတ်ချရတဲ့ cloud အတွင်း ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။

Source: Reuters