#World_News
Published 08 January 2026
■ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက လာမယ့်သီတင်းပတ်အတွင်း ဒိန်းမတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားမယ်လို့ ဗုဒ္ဓဟူးနေ့က ပြောခဲ့ပြီး သမ္မတဒေါ်နယ်ထရမ့်က ဂရင်းလန်းကို သိမ်းယူမယ့်ရည်ရွယ်ချက် နောက်ဆုတ်မယ့်ပုံမပေါ်ပါဘူး။
■ ဗင်နီဇွဲလားခေါင်းဆောင်ကို အမေရိကန် စစ်ဆင်ရေးဖြင့် ဖမ်းဆီးခဲ့ပြီးနောက် ဂရင်းလန်းအပေါ်လည်း စိုးရိမ်စရာ ဖြစ်လာပါတယ်။
■ ထရမ့်ရဲ့ ရည်ရွယ်ချက်တွေကို စစ်အင်အားဖြင့် ဖြေရှင်းသွားမလားဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ရူဘီယိုက စစ်ရေးမပါနိုင်ဘူးလို့ မပြောသွားသလို နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းရန်ကြိုးပမ်းနေကြတယ်လို့ ပြောပါတယ်။
■ ဒိန်းမတ်ရဲ့ သတ္တုကြွယ်ဝတဲ့ ဂရင်းလန်းကျွန်းကို အမေရိကန် စစ်ရေးဖြင့် သိမ်းယူမယ့်ကိစ္စက နေတိုးမဟာမိတ်အတွင်း ရိုက်ခတ်နိုင်ပြီး ထရမ့်နဲ့ ဥရောပခေါင်းဆောင်များကြား ကွဲပြားလာနိုင်ပါတယ်။
■ အမေရိကန် ဂရင်းလန်းကို ပိုင်ဆိုင်ဖို့ ကြိုးပမ်းနေရာမှာ ထရမ့်က ဒီကျွန်းကို ဗျူဟာမြောက်နေရာနဲ့ အမေရိကန်လုံခြုံရေးအတွက် အရေးပါတဲ့ရင်းမြစ်အဖြစ် မြင်ထားပါတယ်။
■ ဥရောပမဟာမိတ်တွေဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီ၊ ကနေဒါတို့ အပါအဝင် နိုင်ငံတွေဟာ ဂရင်းလန်းရဲ့ အချုပ်အခြာအာဏာကို အလေးထားပြီး အမေရိကန် သိမ်းလိုတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်နေပါတယ်။
■ ဒိန်းမတ်နဲ့ ဂရင်းလန်းတို့က ဂရင်းလန်းကို ရောင်းချသွားမှာမဟုတ်ဘူးလို့ အခိုင်အမာဆန့်ကျင်နေပြီး သံတမန်ရေးရာနည်းလမ်းဖြင့် ထပ်မံဖြေရှင်းသွားဖို့ တောင်းဆိုထားပါတယ်။
■ ဥရောပခေါင်းဆောင်တွေကလည်း ဒိန်းမတ်နဲ့ ဂရင်းလန်းကို ထောက်ခံအားပေးဖို့ အတူတကွ လုပ်ဆောင်နေပြီး ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတာ ဆွေးနွေးနေကြပါတယ်။
■ ဂရင်းလန်းအနီး ရုရှားနဲ့ တရုတ်လှုပ်ရှားမှုတွေအကြောင်း ထရမ့်ရဲ့ တင်ပြချက်တွေကို ဒိန်းမတ်က အငြင်းပွားပြောကြားထားပါတယ်။
Source: Reuters