#World_News
Published 05 September 2025
▪️ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက အစက စင်္ကာပူသို့သွားမယ့် လေကြောင်းခရီးစဉ်ကနေ ယူအေအီးဒူဘိုင်းသို့ လမ်းကြောင်းပြောင်းသွားရတဲ့အကြောင်း စက်တင်ဘာ ၅ ရက်နေ့အစောပိုင်းက X ဆိုရှယ်မီဒီယာမှာ ဖော်ပြထားပါတယ်။
▪️ သက်ဆင် နိုင်ငံခြားမှာရှိနေစဉ် အမြဲပြသခဲ့တဲ့ ဆရာဝန်နဲ့ ဆေးစစ်မှုခံယူရန် စင်္ကာပူသို့ သွားရမှာ ဖြစ်ပါတယ်။
▪️ ဒါပေမဲ့ လေယာဉ်မထွက်ခင်မှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိတွေက သူ့ကို နှစ်နာရီနီးပါး နောက်ကျစေခဲ့တယ်လို့ ဆိုပါတယ်။
▪️ သက်ဆင်ဟာ ဘုရင်မင်းမြတ်စော်ကားမှုနဲ့ ပတ်သက်ပြီး ဩဂုတ်လကုန်က အမှုကင်းရှင်းထားပြီး ဖြစ်ပါတယ်။
▪️ အမှုရင်ဆိုင်စဉ်အတွင်း နိုင်ငံမှထွက်ခွာခွင့် ပိတ်ပင်ခံခဲ့ရပေမယ့် အမှုကင်းရှင်းပြီးနောက် နိုင်ငံခြားသို့ သွားလာခွင့်ရပြီ ဖြစ်ပါတယ်။
▪️ စင်္ကာပူက စံတော်ချိန်က ထိုင်းနိုင်ငံထက် တစ်နာရီပိုစောကာ ကိုယ်ပိုင်လေယာဉ်တွေ လက်ခံတဲ့ Seletar လေဆီပ်က ည ၁၀ နာရီမှာ ပိတ်တာကြောင့် လေယာဉ်မဆိုက်ဘဲ နှောင့်နှေးရတာဖြစ်တယ်လို့ သက်ဆင်က ပြောထားပါတယ်။
▪️ စင်္ကာပူသို့ အချိန်မီ မရောက်နိုင်တာကြောင့် ကာလကြာရှည် ကျန်းမာရေးပြသဖူးတဲ့ အထူးကုတွေရှိရာ ဒူဘိုင်းသို့ လမ်းကြောင်းပြောင်းရန် လေယာဉ်မှူးကို ညွှန်ကြားခဲ့ပါတယ်။
▪️ ဒူဘိုင်းမှာလည်း ဆင်းသက်ခွင့်မရခင်အထိ အဝိုင်းပတ်ပတ်နေခဲ့ရပါသေးတယ်။
▪️ တရားရုံးချုပ် တက်ရဦးမှာဖြစ်တာကြောင့် စက်တင်ဘာ ၈ ရက်နေ့ထက် နောက်မကျဘဲ ထိုင်းနိုင်ငံသို့ ပြန်လိုကြောင်း ပြောထားပါတယ်။
Source: The Nation