#World_Health
Published 29 March 2026
■ အမျိုးသမီးတွေမှာ ရင်သားကင်ဆာက အန္တရာယ်အများဆုံး ကင်ဆာမျိုးဖြစ်ပြီး ၂၀၂၃ အတွင်း ကမ္ဘာတဝှမ်းမှာ ရင်သားကင်ဆာ ဖြစ်ပွားသူ ၂.၃ သန်းခန့်နဲ့ အသက်ဆုံးပါးသူ ၇၆၄,၀၀၀ ဦးခန့် ရှိခဲ့ပါတယ်။
■ ဒီလိုဆန်းစစ်ချက်တွေကနေ ၁၈၅ နိုင်ငံတဝှမ်း ရင်သားကင်ဆာအကြောင်း ဘက်ပေါင်းစုံသုံးသပ်ချက်များ ရစေနိုင်ပါတယ်။
■ ဝင်ငွေမြင့်မားတဲ့ နိုင်ငံတွေမှာ အသက်ဆုံးပါးမှုနှုန်း လျော့ကျတာကို အထောက်အထားတွေ တွေ့ထားပါတယ်။
■ ဒါပေမဲ့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ယှဉ်ရင် ၂၀၅၀ အရောက်မှာ ရင်သားကင်ဆာ ဖြစ်ပွားသူပေါင်း ၃.၅ သန်းရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။
■ ရင်သားကင်ဆာ ဖြစ်ပွားမှုပေါင်းရဲ့ ၇၃ ရာခိုင်နှုန်းက ဝင်ငွေမြင့်မားတဲ့ နိုင်ငံတွေကဖြစ်ပြီး ရင်သားကင်ဆာကြောင့် အသက်ဆုံးပါးမှု ၃၉ ရာခိုင်နှုန်းကတော့ ဝင်ငွေနည်းပါးတဲ့ အလယ်အလတ်ရှိတဲ့ နိုင်ငံတွေမှ ဖြစ်ပါတယ်။
■ ဒီလိုကွာခြားရတာဟာ အချိန်မီ ရောဂါရှာဖွေတွေ့ရှိမှုနဲ့ အရည်အသွေးမြင့် ကုသနည်း ရရှိမှုတို့မှာ အဆင့်အတန်း ကွာခြားတာကြောင့် ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
■ ဒီထဲမှာမှ တစ်ကမ္ဘာလုံး ရင်သားကင်ဆာဖြစ်ရခြင်းရဲ့ ၂၈ ရာခိုင်နှုန်းက ပြုပြင်ပြောင်းလဲလို့ရတဲ့ အကြောင်းအရာ ၆ မျိုးကြောင့် ဖြစ်နေပါတယ်။
■ (၁) အသားကြီးငါးကြီး အစားများခြင်း
■ (၂) ဆေးလိပ်သောက်ခြင်းနဲ့ အငွေ့ရှူမိခြင်း
■ (၃) သွေးတွင်းသကြားဓာတ်မြင့်မားခြင်း
■ (၄) BMI မြင့်မားခြင်း
■ (၅) အယ်ကိုဟောအသောက်များခြင်း
■ (၆) ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းတို့ ပါဝင်နေပါတယ်။
■ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်ခြင်းဖြင့် ဒီကင်ဆာကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
Source: Medical News Today.