#World_Health
Published 17 December 2025
■ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းတို့လို အဆင့်ဆင့်ထုတ်လုပ်ထားတဲ့ အသားကြီးတွေ များများစားခြင်းဖြင့် ဦးနှောက်အသိဉာဏ် ကျဆင်းခြင်း၊ ဒီမန်ရှာရောဂါတို့ ဖြစ်နိုင်ခြေများစေနိုင်တယ်လို့ Neurology ဂျာနယ်မှာ ဖော်ပြထားပါတယ်။
■ အဆင့်ဆင့်ထုတ်လုပ်ထားတဲ့ အသားကြီးတွေက ဦးနှောက်အိုမင်းခြင်းနဲ့ အာရုံကြောချို့တဲ့ခြင်းတို့ ဖြစ်ပေါ်စေနိုင်ပုံတွေကို လေ့လာထားတာ ဖြစ်ပါတယ်။
■ တစ်နေ့တစ်နေ့ အသားကြီး အစားအများဆုံး စမ်းသပ်ခံအဖွဲ့က အနည်းဆုံးစားသူတွေထက်စာရင် ဒီမန်ရှာဖြစ်နိုင်ခြေ ၁၃ ရာခိုင်နှုန်း ပိုများတာ တွေ့ရပါတယ်။
■ နေ့စဉ်တစ်နပ်စာ ပိုမိုစားသုံးသူတွေမှာ ဦးနှောက်အိုမင်းခြင်းနဲ့ ဦးနှောက်အသိဉာဏ် ကျဆင်းခြင်းက ၁.၆ နှစ်လောက် စောပြီးအိုမင်းတယ်လို့ တွေ့ရှိလာပါတယ်။
■ အသားကြီးတွေထဲမှာ များစွာပါဝင်တဲ့ ပြည့်ဝဆီတွေက ကိုလက်စထရောဖြစ်စဉ်ကို နှောင့်ယှက်ပြီး ရောင်ရမ်းခြင်းနဲ့ အင်ဆူလင်ယဉ်ပါးခြင်းတို့ ဖြစ်စေကာ ဦးနှောက်ကျဆင်းမှု ဖြစ်လာစေတယ်လို့ ယူဆနေပါတယ်။
■ ဒီဆက်စပ်မှုတွေကို သိရှိနားလည်ခြင်းဖြင့် ဒီမန်ရှာဖြစ်နိုင်ခြေ များလာစေတဲ့အကြောင်းအရင်းတွေကို သဘောပေါက်စေမှာဖြစ်တယ်လို့ ဘရစ်ဂန်နဲ့ ဘော့စ်တွန်အမျိုးသမီးဆေးရုံမှ ဦးဆောင်သုတေသီ ယူဟန်လီက ပြောပါတယ်။
■ အဆင့်ဆင့်ထုတ်လုပ်တဲ့ အသားကြီးတွေအစား ငါး၊ အခွံမာသီး၊ ပဲအမျိုးမျိုးတို့ ဖြည့်တင်းစားသောက်ခြင်းဖြင့် ဒီမန်ရှာဖြစ်နိုင်ခြေနဲ့ ဦးနှောက်အိုမင်းခြင်းတို့ကို လျော့ကျစေနိုင်မှာ ဖြစ်ပါတယ်။
■ ရေရှည်ဦးနှောက်ကျန်းမာရေးနဲ့ ပတ်သက်လာရင် မျိုးဗီဇအကြောင်းအရာများအပြင် နေထိုင်စားသောက်မှုပုံစံတွေကလည်း များစွာ သက်ရောက်နေပါတယ်။
Source: Daily Galaxy.