#World_Health
Published 03 October 2025

▪️ အိန္ဒိယမှ ဒေါက်တာ မာနန်ဗိုရာက နေအိမ်မှာ မထားသင့်တဲ့ နေ့စဉ်သုံးပစ္စည်းတွေအကြောင်း သတိပေးထားပါတယ်။

▪️ KIMSHEALTH မှ ဒေါက်တာ ဂါနက်ရှ်ဗစ်ဝါနာထန်ကလည်း ဒီပစ္စည်းတွေရဲ့ ကျန်းမာရေးအန္တရာယ်တွေအကြောင်း ဖော်ပြထားပါတယ်။

▪️ (၁) သကြားဓာတ်များသောဘီစကစ် သကြားနဲ့ သန့်စင်ဂျုံများ မြင့်မားတာကြောင့် ဂလူးကို့စ်မြင့်တက်စေပြီး အဝလွန်ခြင်း၊ ဆီးချို၊ သွားပိုးစားခြင်းများ ဖြစ်စေနိုင်ပါတယ်။

▪️ (၂) သပွတ်ပင် စိုစွတ်ပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်ကာ ရောဂါကူးစက်မှုများ ဖြစ်နိုင်ပါတယ်။

▪️ (၃) ဆေးကြောဖော့ ဘက်တီးရီးယားတွေ ရှင်သန်နိုင်ပြီး ပိုးသန့်စင်ဖို့ အလွန်ခက်ခဲနိုင်ပါတယ်။

▪️ (၄) အနံ့ပါသောပိုးသန့်စင်အဖတ်များ အနံ့တွေနဲ့ ဓာတုပစ္စည်းတွေက ယားယံခြင်း၊ အရေပြားရောင်ခြင်းတို့ ဖြစ်စေကာ ကျန်းမာရေးထိခိုက်နိုင်ပါတယ်။

▪️ (၅) ခြင်ဆေးခွေ အန္တရာယ်ရှိတဲ့ အငွေ့ထုတ်လွှတ်ကာ အဆုတ်ထိခိုက်စေပြီး အိမ်တွင်းလေထုညစ်ညမ်းစေပါတယ်။

▪️ (၆) အဖုံးပွင့်နေသောအမှိုက်ပုံး ဒီလိုအမှိုက်ပုံးတွေက ပိုးမွှားအကောင်တွေကို ဆွဲဆောင်စေပြီး အနံ့အသက်ဆိုးစေကာ ခြင်တွေရောက်ရှိစေနိုင်ပါတယ်။

▪️ နေ့စဉ်သုံးပစ္စည်းတွေထဲက အဆိပ်အတောက်တွေ ရေရှည်ထိတွေ့ခြင်းရဲ့ အန္တရာယ်တွေအကြောင်း သိရှိထားကြဖို့ ဟိုက်ဒရာဘတ်မှ ဒေါက်တာ မာနင်ဒရာက ပြောသွားပါတယ်။

Source: Indian Express.