#World_News
Published 28 July 2026
■ အီရန်ဟာ လတ်တလော ပဋိပက္ခအတွင်းမှ အမေရိကန်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှု စွပ်စွဲချက်များကို တရားစွဲဆိုရန် ၁၀ နှစ်မှ ၁၅ နှစ်အထိ ကြာမြင့်မှာဖြစ်တဲ့ ဥပဒေလမ်းကြောင်း ကြိုးပမ်းမှုကို စီစဉ်နေပါတယ်။
■ အီရန်က စာမျက်နှာ ၁,၄၀၀ ကျော်ရှိတဲ့ မှတ်တမ်းအထောက်အထားများကို စုဆောင်းပြုစုထားကြောင်း နိုင်ငံခြားရေးဒုဝန်ကြီး ကာဇမ်ဂါရီဘာဘာဒီက ပြောကြားခဲ့ပါတယ်။
■ အီရန်အစိုးရက ကုလသမဂ္ဂလုံခြုံရေးကောင်စီထံသို့ အထောက်အကူပြု စာရွက်စာတမ်းပေါင်း ၁၂၀ ကျော်ကို တိုက်ရိုက်ပေးပို့တင်ပြထားပြီးဖြစ်ပါတယ်။
■ တရားစွဲဆိုခြင်းခံရတဲ့ အဖွဲ့အစည်းလူပုဂ္ဂိုလ်များကို တရားစီရင်ဆုံးဖြတ်ချက်များ ချမှတ်ရန်နဲ့ ဥပဒေလမ်းကြောင်းအရ အခြေခံအုတ်မြစ်များတည်ဆောက်ရန် အီရန်ဟာ ပြည်တွင်း တရားစီရင်ရေးစနစ်ကို အသုံးပြုသွားမှာဖြစ်ပါတယ်။
■ အီရန်ဟာ ကုလသမဂ္ဂလုပ်ထုံးလုပ်နည်းများကို အသုံးပြုကာနိုင်ငံတကာတရားရုံး ICJ ထံသို့ လိုအပ်သလို ချဉ်းကပ်ဆောင်ရွက်သွားရန် အစီအစဉ်ရှိပါတယ်။
■ နိုင်ငံတကာပြစ်မှုများကို တရားစွဲဆိုခွင့် ပြဋ္ဌာန်းထားတဲ့ တတိယနိုင်ငံများရဲ့တရားရုံးများမှာလည်း အမှုဖွင့် တိုင်ကြားသွားနိုင်ပါတယ်။
■ အမေရိကန်အပေါ် သံတမန်ရေးနဲ့ ဥပေဒလမ်းကြောင်းအရ ဆက်တိုက်ဖိအားပေးနိုင်ရေးအတွက် သီးသန့်အထူးတရားရုံးတစ်ခု ဖွဲ့စည်းရန် အီရန်ကအဆိုပြုထားပါတယ်။
Source: WION