#World_Science
Published 23 August 2025

▪️ နေစကြဝဠာစနစ်အတွင်းပိုင်းသို့ ဦးတည်နေတဲ့ ကြယ်တွေကြားမှ ဂြိုဟ်သားယာဉ်သင်္ဘောကြီးဟာ နိုဝင်ဘာ ၂၁ မှ ဒီဇင်ဘာ ၅ ရက်အတွင်း ကမ္ဘာသို့ရောက်ရှိကာ စီစဉ်လုပ်ဆောင်ကြပါလိမ့်မယ်။

▪️ ဒီအကြောင်းကို ဟားဗတ်သိပ္ပံပညာရှင် အေဗီလော့ဘ်က ဖော်ပြထားတာ ဖြစ်ပါတယ်။

▪️ ဒီယာဉ်ကြီးရဲ့ သွားနေတဲ့နှုန်း၊ လက်ရှိတည်နေရာတို့ကို အခြေခံတွက်ချက်တာ ဖြစ်ပါတယ်။

▪️ 3I/ATLAS အရာဝတ္ထုကြီးဟာ လူတိုင်းက ကြယ်တံခွန်လို့ ထင်နေကြပေမယ့် အဆင့်အတန်းမြင့် ဂြိုဟ်သားအဖွဲ့အစည်းက ပြုလုပ်တာဖြစ်နိုင်ပြီး ကမ္ဘာဂြိုဟ်အတွက် အန္တရာယ်ဖြစ်စေနိုင်မယ်လို့ လော့ဘ်က အခိုင်အမာယုံကြည်ထားပါတယ်။

▪️ ကမ္ဘာရှုထောင့်ကကြည့်ရင် 3I/ATLAS ဟာ အောက်တိုဘာလမှာ နေအနောက်ဘက်သို့ ရွေ့သွားမှာဖြစ်ကာ ထိုအချိန်မှာ ကမ္ဘာကို တိုက်ခိုက်မယ်လို့ ယူဆနေပါတယ်။

▪️ ထိုအရာက အချင်းအားဖြင့် ၂၀-၂၄ ကီလိုမီတာခန့် ရှိနိုင်ပြီး မြင်ဖူးသမျှထဲမှာ အကြီးမားဆုံး အာကာသအရာဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

▪️ ဒီအာကာသယာဉ်က နေကို အကာအကွယ်ပြုကာ တိုက်ခိုက်ရန်ပြင်ဆင်နေပြီး နေထိုင်လို့ရမယ့် ဂြိုဟ်တွေမှာ စူးစမ်းရေးယာဉ်များ ချသွားလိမ့်မယ်လို့ လော့ဘ်က ထင်နေပါတယ်။

▪️ အခက်အခဲ ပြဿနာများ မဖြစ်စေရန်အတွက် ဂြိုဟ်သားရန်ကနေ ကြိုတင်ပြင်ဆင်ထားကြဖို့ အစိုးရတွေကိုလည်း သတိပေးထားပါတယ်။

Source: WION.