#World_News
Published 02 July 2026

■ အီရန်နဲ့ အမေရိကန်ကြား နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ဖို့အတွက် ဒိုဟာမြို့မှာ ဆွေးနွေးပွဲများ ပြုလုပ်ပြီးနောက် ရပ်စဲပိတ်ပင်ခံထားရတဲ့ ကနဦး ၆ ဘီလီယံရဲ့ တစ်စိတ်တစ်ပိုင်းကို မရှိမဖြစ် လိုအပ်တဲ့ပစ္စည်းများ ဝယ်ယူရန် အသုံးပြုသွားမယ်လို့ အီရန်က ဇူလိုင် ၁ ရက်နေ့မှာ ပြောခဲ့ပါတယ်။

■ ဗဟိုဘဏ်ကိုယ်စားလှယ်များ အပါအဝင် ကာတာတာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုက ဒီငွေတွေရဲ့ ဘယ်လောက်အစိတ်အပိုင်း အသုံးပြုမယ်ဆိုတာကို ဦးစားပေးဆွေးနွေးခဲ့ကြကြောင်း အီရန်နိုင်ငံခြားရေး လက်ထောက်ဝန်ကြီး ကာဇမ်ဂါရီဘာဘာဒီက ပြောပါတယ်။

■ တိုင်းပြည်လိုအပ်ချက်များအပေါ် အခြေခံပြီး လိုအပ်တဲ့ကုန်ပစ္စည်းကို အီရန်ဝယ်ယူဖို့ သဘောတူညီခဲ့ကြကြောင်း ပြောပါတယ်။

■ စစ်ပွဲရပ်သွားစေတဲ့ နားလည်မှုစာချွန်လွှာအရ အမေရိကန်ဟာ အီရန်ရဲ့ ပိတ်ဆို့ကန့်သတ်ခံထားရတဲ့ ပိုင်ဆိုင်မှုတွေကို ပြန်သုံးခွင့်ပေးဖို့ သဘောတူညီခဲ့တာပါ။

■ ဒါပေမဲ့ ဘယ်လောက်ပမာဏအထိ ခွင့်ပြုမယ်၊ ဘယ်လိုလုပ်ဆောင်မယ်၊ ဘယ်အချိန် စတင်မလဲဆိုတာတွေတော့ မသိရပါဘူး။

■ ဆွေးနွေးပွဲတွေထဲမှာ အီရန်၊ ကာတာ၊ ပါကစ္စတန်အရာရှိများ ပါဝင်ခဲ့ပြီး သဘောတူညီချက် အကောင်အထည်ဖော်ရန်နဲ့ ချိုးဖောက်မှုများ စောင့်ကြည့်ရန် လမ်းကြောင်းတစ်ခုတည်ထောင်ဖို့ အဓိကထားခဲ့ကြပါတယ်။

■ တောင်ကိုရီးယားမှရတဲ့ ရေနံဝင်ငွေများဟာ ၂၀၂၃ တည်းက ကာတာရဲ့ ကန့်သတ်အကောင့်တွေထဲ ရှိနေခဲ့ပါတယ်။

■ အမေရိကန်နဲ့ ကာတာတို့က ထိုငွေများထုတ်ပေးမယ့် လုပ်ငန်းစဉ်အပေါ် အတည်ပြုပိုင်ခွင့်ရှိပြီး အမေရိကန်မှ စိုက်ပျိုးထွက်ကုန်များ ဝယ်ယူဖို့ အသုံးပြုနိုင်ပါတယ်။

Source: WION