#World_Science
Published 13 May 2026
■ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅,၈၀၀ ခန့်က ကမ္ဘာ့သက်တမ်းအစောဆုံးခွေးကို မျိုးရိုးဗီဇသုတေသနမှာ ရှာတွေ့ခဲ့ပါတယ်။
■ ရှေးခေတ်မုဆိုးများ စုဝေးတည်ရှိရာ တူရကီ ပီနာဘာဆီကျောက်ဆောင်မှာ ရှာတွေ့ခဲ့တာဖြစ်ပြီး ဒီခွေးက ယခင်အစောဆုံးလို့ တွေ့ရှိခဲ့တဲ့ခွေးထက် နှစ် ၅ ထောင်လောက်ပိုပြီး စောနေပါတယ်။
■ ဒါကြောင့် ခွေးတွေဟာ လွန်ခဲ့တဲ့ နှစ်ထောင်ချီတည်းက လူသားမျိုးနွယ်တွေကြားမှာ တည်ရှိခဲ့တယ်ဆိုတဲ့သဘော ယူဆရပါတယ်။
■ ထိုအချိန်က ဝံပလွေတွေနဲ့ မျိုးရိုးဗီဇကွဲပြားခဲ့ပြီး နောက်ဆုံးရေခဲခေတ်မတိုင်ခင် မျိုးရိုးတွေ ကွဲပြားနေခဲ့တာ ဖြစ်နိုင်ပါတယ်။
■ ပီနာဘာဆီမှ ခွေးဟာ လူသားတွေ မွေးမြူခဲ့တဲ့ ပထမဆုံးသတ္တဝါ ဖြစ်ပြီး ဆိတ်၊ သိုး၊ ကျွဲနွား၊ ကြောင်တွေထက် ပိုပြီးစောပါတယ်။
■ လူမှုအသိုင်းအဝိုင်းတွေ ရှုပ်ထွေးပြောင်းလဲလာခဲ့တဲ့ တလျှောက်လုံး ခွေးတွေက လူသားတွေအတွက် အဖော်ဖြစ်ခဲ့ပြီး အခြားအိမ်မွေးတိရိစ္ဆာန်တွေထက် ပိုပြီးအားကိုးအားထား ပြုခဲ့ပါတယ်။
■ အစောဆုံးလို့ သိထားခဲ့တဲ့ခွေးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄,၂၀၀ ခန့်က ဆွစ်ဇာလန်မှ ဥရောပခွေးဖြစ်ပါတယ်။
■ ရှေးခေတ်တူးဖော်တွေ့ရှိချက်များအရ မုဆိုးတွေဟာ ခွေးတွေကို တန်ဖိုးထားသတ်မှတ်ခဲ့ကြပြီး လူတွေဘေးနားမှာ မြေမြှုပ်ကြသလို အစားအစာတွေလည်း ကျွေးမွေးခဲ့ပါတယ်။
■ ရှေးခေတ်ကခွေးတွေဟာ မုဆိုးတွေ အမဲလိုက်ရာမှာ ပါဝင်ကူညီပြီး သတိပေးတဲ့အနေနဲ့လည်း တာဝန်ကျေခဲ့ဖွယ် ရှိပါတယ်။
Source: India Today