#World_Health
Published 13 February 2026
■ အိပ်နေစဉ် ဟောက်ခြင်းက ဘေးအန္တရာယ်မရှိတဲ့ အကျင့်ဆိုပေမယ့် ခန္ဓာကိုယ်ထဲ တစ်ခုခုဖြစ်ပျက်တာကို ညွှန်ပြနေနိုင်ပါတယ်။
■ များသောအားဖြင့် နှာခေါင်းတွင်းပိတ်ဆို့ခြင်း၊ အဝလွန်ခြင်း၊ အိပ်နေစဉ် အသက်ရှူကြပ်ခြင်းတို့နဲ့ ဆက်စပ်နေပြီး ဗိုက်တာမင်-ဒီ ချို့တဲ့ခြင်းကလည်း သက်ဆိုင်နေနိုင်ပါတယ်။
■ နေရောင်ခြည်မှရတဲ့ ဗိုက်တာမင်-ဒီဟာ အသက်ရှူလမ်းကြောင်းထဲက ကြွက်သားတွေ ထိန်းသိမ်းရာမှာ ပါဝင်ပြီး ဗိုက်တာမင်-ဒီ နည်းပါးပါက ရောင်ရမ်းခြင်း၊ ကြွက်သားမထိန်းချုပ်နိုင်ခြင်းတို့ ဖြစ်နိုင်ကာ အိပ်နေစဉ် အသက်ရှူကြပ်တတ်ပါတယ်။
■ ဗိုက်တာမင်-ဒီ ချို့တဲ့ခြင်းကြောင့် နွမ်းနယ်ခြင်း၊ ကောင်းစွာမအိပ်နိုင်ခြင်း၊ အသက်ရှူရပ်ခြင်းလက္ခဏာများလည်း တွေ့ရတတ်ပါတယ်။
■ ဗိုက်တာမင်-ဒီ နည်းတဲ့အခါ အသက်ရှူလမ်းကြောင်း ကြွက်သားအားနည်းသွားပြီး တစ်ရှူးတွေ ပျော့ကျလာကာ လေသွားလမ်းကို ပိတ်ဆို့စေပါတယ်။
■ ဒါ့အပြင် ရောင်ရမ်းခြင်း၊ ကိုယ်ခံအားချို့ယွင်းခြင်းတို့နဲ့လည်း ဆက်စပ်နေပြီး အိပ်နေစဉ် အသက်ရှူပုံရှူနည်း အနှောင့်အယှက် ဖြစ်စေပါတယ်။
■ ဗိုက်တာမင်-ဒီ ချို့တဲ့ခြင်းကို ဖြေရှင်းခြင်းဖြင့် အချို့တွေ အိပ်စက်မှုကောင်းလာစေပြီး အသက်ရှူလမ်းကြောင်း ရောင်ရမ်းခြင်းနဲ့ ကြွက်သားတွေ အခြေအနေ ကောင်းမွန်လာပါတယ်။
■ ဒါ့အပြင် ဗိုက်တာမင်-ဒီပမာဏ ထိန်းသိမ်းခြင်းဖြင့် အိပ်စက်မှုအခြေအနေနဲ့ အခြားပြဿနာများကိုလည်း ထောက်ကူပေးနိုင်မှာ ဖြစ်ပါတယ်။
■ ဗိုက်တာမင်-ဒီကို နေရောင်ခြည်ထိတွေ့ခြင်းဖြင့် အဓိကရရှိနိုင်သလို ဆယ်လ်မွန်၊ ငါးသေတ္တာ၊ ကြက်ဥအနှစ်၊ နို့ထွက်ပစ္စည်းများ၊ မှိုတို့ကနေလည်း ရရှိနိုင်ပါတယ်။
■ နေရောင်ခြည်နဲ့ ထိတွေ့နေလျက် ဗိုက်တာမင်-ဒီ နည်းနေသူတွေအတွက်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဖြည့်စွက်အားဆေး သုံးစွဲနိုင်ပါတယ်။
Source: Indian Express