#World_News
Published 12 January 2026
■ အမေရိကန်ရဲ့ လုံခြုံရေးပြဿနာများ ဖြေရှင်းဖို့အတွက် နေတိုး(NATO)အနေနဲ့ အာတိတ်မှာ စစ်ရေးစီမံကိန်း ဆောင်ရွက်သင့်တယ်လို့ ဘယ်ဂျီယံကာကွယ်ရေးဝန်ကြီးက တနင်္ဂနွေနေ့မှာ ပြောသွားပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဂရင်းလန်းကို ထိန်းချုပ်လိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဥရောပမှာ မငြိမ်မသက် ဖြစ်နေတဲ့ကြား နေတိုးကို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
■ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြပြီး စည်းလုံးညီညွတ်မှု ပြသဖို့လိုအပ်ကာ နေတိုးအနေနဲ့ မြောက်ပိုင်းမှာ စစ်ရေးစီမံကိန်း လိုအပ်ကြောင်း ကာကွယ်ရေးဝန်ကြီး သီယိုဖရန်ကင်က ပြောသွားပါတယ်။
■ အမေရိကန်ကတော့ အနာဂတ်မှာ ဂရင်းလန်းကို ရုရှားနဲ့ တရုတ်တို့ရန်မှ ကာကွယ်လိုတဲ့အတွက် ထိန်းချုပ်ချင်တာဖြစ်တယ်လို့ ထရမ့်က ပြောထားပါတယ်။
■ ဒိန်းမတ်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဂရင်းလန်းကျွန်းမှာ အမေရိကန်ရဲ့ လုံခြုံရေးပူပန်မှု ပြဿနာများ ပြေလည်အောင် ဥရောပအရာရှိတွေက ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။
■ နေတိုးရဲ့ ဘော်တိတ်အစောင့်နှင့် အရှေ့အစောင့်စစ်ဆင်ရေးများ ပြုလုပ်ဖို့ ဖရန်ကင်က အကြံပြုပြီး ဒရုန်းများ၊ ဆင်ဆာများ၊ နည်းပညာများဖြင့် နိုင်ငံအရပ်ရပ်မှ တပ်အင်အားများ ပေါင်းစည်းထားတဲ့ စစ်ဆင်ရေးတွေ ဖြစ်ပါတယ်။
■ နေတိုးအကြီးအကဲ မာ့ခ်ရုက အမေရိကန်သမ္မတ မာကိုရူဘီယိုနဲ့ အာတိတ်လုံခြုံရေး အရေးကြီးပုံတွေ၊ နေတိုးစွမ်းရည် မြှင့်တင်မယ့်အကြောင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။
■ ဒိန်းမတ်နဲ့ ဂရင်းလန်းခေါင်းဆောင်များက ဂရင်းလန်းကျွန်းဟာ သိမ်းပိုက်ရန် မဟုတ်ကြောင်း၊ နိုင်ငံတကာလုံခြုံရေးက ဒီလိုလုပ်ရပ်ကို မဖြေရှင်းပေးနိုင်ကြောင်း ပြောထားပါတယ်။
■ ၁၉၅၁ သဘောတူညီချက်အရ အမေရိကန်ဟာ ဂရင်းလန်းမှာ စစ်အင်အားတွေ ချထားပြီးသား ဖြစ်ပါတယ်။
Source: Reuters