#World_Health
Published 06 March 2026
■ အသက်အရွယ် ကြီးရင့်လာတယ်ဆိုတာဟာ ဖြည်းဖြည်းချင်းဖြစ်ပျက်တာလို့ ထင်ရပေမယ့် ကိုယ့်ကိုယ်ကို မှန်ထဲကြည့်လိုက်လို့ အမြန်အဆန် အိုမင်းလာတာလို့ ထင်မိနိုင်ပါတယ်။
■ ၂၀၂၄ မော်လီကျူးအပြောင်းအလဲကြောင်း လေ့လာမှုပြုခဲ့ရာမှာ ပျမ်းမျှအသက် ၄၄ နှစ်နဲ့ ၆၀ ဝန်းကျင်ခန့်မှာ သိသိသာသာ အိုမင်းလာတာကို ကြုံတွေ့ရနိုင်ပါတယ်။
■ စတန်းဖို့ဒ်တက္ကသိုလ်မှ မျိုးဗီဇပညာရှင် မိုက်ကယ်ဆနိုက်ဒါနဲ့အဖွဲ့က အိုမင်းခြင်းရဲ့ ဇီဝဖြစ်ပျက်မှုအကြောင်း လေ့လာခဲ့ကြပါတယ်။
■ လူပေါင်း ၁၀၈ ယောက်အဖွဲ့ကို စောင့်ကြည့်ခဲ့ကြကာ အယ်ဇိုင်းမားနဲ့ နှလုံးသွေးကြောရောဂါ အခြေအနေတွေဟာ အချိန်နဲ့အမျှ မြင့်တက်လာတာ မဟုတ်ဘဲ အချို့သောအသက်အရွယ်မှာ သိသိသာသာ မြင့်တက်တာကို သတိပြုမိခဲ့ကြပါတယ်။
■ အသက်အရွယ် အိုမင်းလာတဲ့အခါ အယ်ဇိုင်းမား၊ နှလုံးသွေးကြောရောဂါတို့လို ရောဂါတွေ ဖြစ်နိုင်ခြေ များလာပါတယ်။
■ အသက် ၄၀ ဝန်းကျင်မှာဆိုရင် အဆီ၊ ကဖင်း၊ အယ်ကိုဟောဖြစ်စဉ်၊ နှလုံးသွေးကြောပြဿနာများနဲ့ ပတ်သက်လို့ မော်လီကျူးပြောင်းလဲပြီး အသက် ၆၀ အစောပိုင်းဝန်းကျင်မှာဆိုရင် ကာဗိုဟိုက်ဒရိတ်ဖြစ်စဉ်၊ ကိုယ်ခံအားထိန်းညှိခြင်း၊ ကျောက်ကပ်လုပ်ဆောင်ချက် စတာတွေ ပြောင်းလဲလာပါတယ်။
■ အမျိုးသားရော အမျိုးသမီးပါ ဒီလိုပြောင်းလဲမှုတွေ ကြုံတွေ့ရတာဖြစ်ပြီး ကျယ်ပြန့်တဲ့ ဇီဝဆိုင်ရာ အချက်အလက်တွေကြောင့် ဖြစ်နိုင်ပါတယ်။
■ အိုမင်းခြင်းပုံစံများအကြောင်း အပြည့်အဝနားလည်ဖို့အတွက် ယခုထက် ပိုမိုကြီးမားကျယ်ပြန့်တဲ့ လေ့လာချက်တွေ လိုအပ်နေသေးတယ်လို့ သုတေသီတွေ အသိပေးထားပါတယ်။
Source: Science Alert