#World_Health
Published 30 August 2025

▪️ သွေးတွင်းသကြားဓာတ် မြင့်တက်လာပြီဆိုရင် အစားအစာကိုပဲ ပြေးမြင်ကြပါတယ်။

▪️ ဒါပေမဲ့ အစာမစားဘဲနဲ့လည်း သွေးတွင်းသကြားဓာတ် မြင့်တက်နိုင်တာကြောင့် ဒီအကြောင်းတွေကို ဖော်ပြသွားပါမယ်။

▪️ စိတ်ဖိစီးမှု၊ အိပ်ရေးမဝခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ရောဂါကူးစက်ခြင်း၊ ဟော်မုန်းအပြောင်းအလဲတို့က သွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်တယ်လို့ မွန်ဘိုင်း ဝေါ့ခ်ဟာ့ဒ်ဆေးရုံမှ ဒေါက်တာပရာနက်ဗ်ဂိုဒီက ပြောသွားပါတယ်။

▪️ ဖိစီးမှုကြောင့် ကော်တီဆောထွက်စေကာ သိမ်းထားတဲ့ဂလူးကို့စ်တွေ ထုတ်လွှတ်လိုက်ပါတယ်။

▪️ တစ်ညလောက် အိပ်ရေးမဝရင် ခန္ဓာကိုယ်မှာ အင်ဆူလင်ယဉ်ပါးစေပြီး သွေးထဲမှာ ဂလူးကို့စ်ရှိနေစေပါတယ်။

▪️ ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်က သိမ်းထားတဲ့ ဂလူးကို့စ်ထွက်စေကာ ယာယီမြင့်တက်စေပါတယ်။

▪️ ရောဂါကူးစက်မှုတွေ ဖြစ်တဲ့အခါ ကိုယ်ခံအားစနစ်က အလွန်အကျွံ အလုပ်လုပ်ရပြီး ဂလူးကို့စ်အဖြစ်နဲ့ စွမ်းအင်ပိုလိုအပ်လာပါတယ်။

▪️ အမျိုးသမီးတွေ ဓမ္မတာစက်ဝန်းရောက်ချိန်၊ မီးယပ်သွေးဆုံးချိန်တို့မှာ ဟော်မုန်းအပြောင်းအလဲဖြစ်ပြီး အင်ဆူလင်မတိုးတော့ဘဲ သွေးတွင်းသကြားဓာတ် အတက်အကျ ဖြစ်စေပါတယ်။

▪️ ဒီလိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကို သိရှိထားဖို့ အရေးကြီးပြီး စိတ်ဖိစီးမှုဖြေလျှော့ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။

▪️ ဟော်မုန်းအပြောင်းအလဲ၊ သွေးတွင်းသကြားဓာတ် ပုံမှန်မဟုတ်မြင့်တက်တာကို သတိထားမိတဲ့အခါ ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်သင့်ပါတယ်။

Source: Indian Express.