#World_Science
Published 05 October 2025

▪️ ပြီးခဲ့တဲ့လ အမေရိကန်အစိုးရ အမိန့်ကြေညာချက်အရ နာဆာ(NASA)ဟာ နိုင်ငံတော်ထောက်လှမ်းရေးနဲ့ လုံခြုံရေးအေဂျင်စီအဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

▪️ အခုဆိုရင် ထောက်လှမ်းရေး၊ တန်ပြန်ထောက်လှမ်းရေး၊ စုံစမ်းစစ်ဆေးရေး၊ လုံခြုံရေးတာဝန်များ အပါအဝင် ယခင်နဲ့ကွဲပြားတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်နေပါတယ်။

▪️ ဒါကြောင့် နာဆာက အာကာသယာဉ်တွေ ထုတ်လုပ်မယ့်အစား သူလျှိုယာဉ်တွေ ထုတ်လုပ်လာမှာလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။

▪️ ဒီကိစ္စက နာဆာဝန်ထမ်းများကြား မကျေနပ်ချက် ထွက်ပေါ်လာကာ ယခုသီတင်းပတ် အစောပိုင်းအတွင်း နာဆာရုံးချုပ်အပြင်ဘက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

▪️ ဒီအမိန့်ကို ရပ်တန့်ဖို့ တရားစွဲဆိုချက်အများအပြား တင်ခဲ့ကြပါတယ်။
ဒေါ်နယ်ထရမ့်က ၂၀၂၆ ခုနှစ်အတွက် နာဆာအသုံးစရိတ် လျှော့ချကြောင်း ကြေညာထားပါတယ်။

▪️ ၂၅ ရာခိုင်နှုန်းနီးပါး လျှော့ချဖို့ အဆိုပြုခဲ့တာဖြစ်ပြီး ၂၄.၈ ဘီလီယံကနေ ၁၈.၈ ဘီလီယံအထိ လျော့နည်းသွားမှာ ဖြစ်ပါတယ်။

▪️ ထရမ့်က အာကာသကို စစ်ရေးအသုံးချဖို့ စိတ်ဝင်စားနေတဲ့ပုံပေါ်ပြီး Golden Dome ဒုံးကျည်ကာကွယ်ရေးအစီအစဉ်ရဲ့ အစိတ်အပိုင်း ဖြစ်လာနိုင်ပါတယ်။

▪️ နာဆာယာယီအကြီးအကဲ ရှောင်ဒပ်ဖီပြောပုံအရ ထရမ့်ဟာ တရုတ်ထက်အရင် လကမ္ဘာသို့ လူတွေစေလွှတ်ချင်နေသလို မားစ်ဂြိုဟ်ဆီကိုလည်း ရောက်ချင်နေပါတယ်။

▪️ နာဆာရဲ့ ကမ္ဘာ့သိပ္ပံလုပ်ငန်းတာဝန်တွေ ရပ်ဆိုင်းမှာဖြစ်ပေမယ့် Artemis အာကာသလုပ်ငန်းစဉ်ကတော့ ဆက်ရှိနေမယ်လို့ ပြောသွားပါတယ်။

Source: WION.