#World_News
Published 10 April 2026
■ အီရန်နိုင်ငံ့ခေါင်းဆောင် မော့တာဘာခါမေနီက ဖခင် အယာတိုလာအလီခါမေနီ အသတ်ခံရတာကို လက်စားချေဖို့ ဆုံးဖြတ်ထားကြောင့် ကြာသပတေးနေ့က ပြောပါတယ်။
■ ယခုထက်ထိ အများမြင်ကွင်းမှာ ပေါ်မလာသေးတဲ့ မော့တာဘာရဲ့ အဆိုပါ ထုတ်ပြန်ချက်ကို အီရန်မီဒီယာတစ်ခုက ဖော်ပြခဲ့ပါတယ်။
■ စစ်ပွဲပထမဆုံးနေ့မှာ အသတ်ခံခဲ့ရတဲ့ ဖခင်နဲ့ အခြားသူတွေအတွက် လက်စားချေဖို့ အီရန် ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။
■ တိုက်ခိုက်ခဲ့သူတွေကို အလွတ်မပေးဘဲ အလျော်အစားနဲ့ လက်စားချေမှု တောင်းယူသွားဖို့ ကြုံးဝါးထားပြီး ဟော်မုဇ်ရေလက်ကြားကို နောက်ထပ်အခြေအနေသို့ ဆောင်ရွက်သွားမယ်လို့ သတိပေးလိုက်ပါတယ်။
■ အာရပ်အိမ်နီးချင်းတွေ အနေနဲ့လည်း မှန်ကန်တဲ့ဘက်ကနေ ရပ်တည်ပေးပြီး အနောက်တိုင်းအင်အားစုတွေကို သစ္စာမခံဖို့ တောင်းဆိုလိုက်ပါတယ်။
■ X ဆိုရှယ်မီဒီယာမှာ ဖော်ပြထားရာမှာ အီရန်က စစ်ပွဲအလိုမရှိပေမယ့် လုပ်ပိုင်ခွင့်တွေကို စွန့်လွှတ်မှာမဟုတ်ဘဲ စည်းလုံးညီညွတ်စွာ ခုခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
■ ထိခိုက်ပျက်စီးမှုတိုင်း၊ အာဇာနည်တွေရဲ့ သွေးကြွေးအတွက် အလျော်အစားအလိုရှိတယ်လို့လည်း ဆိုပါတယ်။
■ တိုင်းပြည်ကို ရာဇဝတ်မှုတွေ ကျူးလွန်တိုက်ခိုက်သူတွေကို ခွင့်လွှတ်မှာမဟုတ်ဘူးဆိုတာ အားလုံးသိကြမှာပါလို့ ဖော်ပြထားပါတယ်။
■ ခေါင်းဆောင်ဟောင်း အာဇာနည်ခါမေနီနဲ့ အပေါင်းအပါတို့ ကြွေကျသွားတာ ရက်ပေါင်း ၄၀ ရှိခဲ့ပြီလို့ ဖော်ပြထားပါတယ်။
Source: WION