#World_News
Published 10 February 2026

■ အမေရိကန်ဘက်က‌ ပေးချေရမယ့်ငွေတွေကို ဘယ်အချိန် ဘယ်လောက်ပေးမလဲဆိုတဲ့ အသေးစိတ်အကြောင်းတွေကို ကုလသမဂ္ဂစောင့်ဆိုင်းနေတယ်လို့ တနင်္လာနေ့က ပြောပါတယ်။

■ အမေရိကန်က လာမယ့်သီတင်းပတ်များအတွင်း ပေးသွားမယ်လို့ ပြီးခဲ့တဲ့အပတ်က ကတိပြုခဲ့တာ ဖြစ်ပါတယ်။

■ ဒီကိစ္စနဲ့ ပတ်သက်ပြီး အတွင်းရေးမှူးချုပ်က သံအမတ် မိုက်ဝေါ့ဇ်နဲ့ ပြောဆိုနေခဲ့တယ်လို့ ကုလပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်က ပြောပါတယ်။

■ ငွေကြေးထိန်းချုပ်သူက အမေရိကန်နဲ့ ပြောဆိုနေပြီး ဘယ်အချိန် ဘယ်လောက်ပေးမလဲဆိုတဲ့ အတိအကျကို ကုလစောင့်ဆိုင်းနေကြောင်း ပြောပါတယ်။

■ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဇန်နဝါရီ ၂၈ ရက်နေ့မှာ ငွေမပေးချေမှုများကြောင့် ငွေကြေးပြိုလဲပျက်စီးနိုင်ခြေ ရှိနေတယ်လို့ အဖွဲ့ဝင်များထံ သတိပေးစာပို့ခဲ့ပါတယ်။

■ ငွေအများစုက အမေရိကန် အကြွေးတင်ထားတာဖြစ်ပြီး ဒေါ်နယ်ထရမ့်က နိုင်ငံပေါင်းစုံဝါဒကနေ ရှောင်ဖယ်လာကာ ကုလကို ပြန်လည်ဖွဲ့စည်းလိုနေပါတယ်။

■ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် မိုက်ဝေါ့ဇ်က ကနဦးပေးငွေ သိသိသာသာ များလွန်းပြီး နောက်ဆုံးပမာဏတော့ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။

■ အမေရိကန်ဟာ ပြီးခဲ့တဲ့လက ပုံမှန်မပေးခဲ့ဘဲ ဒေါ်လာ ၈၂၇ သန်း အကြွေးကျန်ထားကာ ၂၀၂၆ အတွက်လည်း ၇၆၇ သန်း ကျန်ရှိနေတယ်လို့ ကုလတာဝန်ရှိသူတွေ ဆိုပါတယ်။

■ ယခုနှစ်အတွက် ကုလအဖွဲ့ဝင်နိုင်ငံ ၅၅ နိုင်ငံက ပုံမှန်ငွေပေးပို့ထားတယ်လို့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

Source: Reuters