#World_Health
Published 24 August 2024


▪️ လေယာဉ်စီးရင်း အရက်သောက်ခြင်းက အထက်တန်းကျတယ်လို့ ထင်ရပေမယ့် မကြာသေးမီက လေ့လာချက်အရ ကျန်းမာရေးအန္တရာယ် ရှိနိုင်တယ်လို့ တွေ့ရှိလာပါတယ်။

 

▪️ အရက်သေစာနဲ့ အမြင့်ပေအထက်ပိုင်းရောက်နေတဲ့ လေယာဉ်ခန်းထဲက ဖိအားတို့ ရောစပ်တဲ့အခါ ခရီးစဉ်ကြာရှည်မယ်ဆိုရင် ခရီးသည်ရဲ့ နှလုံးကျန်းမာရေးကို အန္တရာယ် ဖြစ်စေနိုင်တယ်လို့ Thorax ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။

 

▪️ လေယာဉ်ပေါ်မှာ အရက်သောက်ပြီး အိပ်ပျော်သွားတဲ့အခါ သွေးပေါင်ချိန် ကျသွားပြီး နှလုံးခုန်နှုန်း မြင့်တက်လာကြောင်း တွေ့ရှိထားပါတယ်။

 

▪️ နှလုံးရောဂါအခံ ရှိသူတွေမှာ ပိုအန္တရာယ်များပြီး အရက်နဲ့ အမြင့်ပေအထက်ပိုင်း ဖိအားသက်ရောက်မှု နည်းတဲ့အနေအထားမှာ သွေးတွင်းအောက်ဆီဂျင်ပမာဏ သိသိသာသာ လျော့ကျသွားပါတယ်။

 

▪️ ထိုအခါမှာ ဦးနှောက်သို့ အောက်ဆီဂျင် ရောက်ရှိမှုနည်းပါးသွားပြီး အသက်အန္တရာယ် ရှိနိုင်ပါတယ်။

 

▪️ ထိုအချိန်မှာ အောက်ဆီဂျင်ပြည့်ဝနှုန်းက ၈၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားကာ နှလုံးခုန်နှုန်းက တစ်မိနစ်ကို ၈၈ ချက်နှုန်းအထိ မြင့်တက်လာပါတယ်။

 

▪️ ဒါ့အပြင် ညဘက်နှစ်ခြိုက်စွာ အိပ်ပျော်သွားတဲ့ REM အိပ်စက်မှုပုံစံကိုလည်း တိုတောင်းစေပါတယ်။

 

▪️ ငယ်ရွယ်သူတွေမှာ ထိုအခြေအနေကြောင့် နှလုံးကျန်းမာရေးကို ဖိစီးမှုဖြစ်စေပြီး နှလုံးနဲ့ အဆုတ်ရောဂါတို့ ရှိတဲ့သူတွေမှာ ရောဂါလက္ခဏာ ပိုဆိုးစေပါတယ်။

 

#Source: India Today