#World_Science
Published 29 August 2024


▪️ ယောက်ျားအဖြစ် သတ်မှတ်တည်ရှိတဲ့ မျိုးဗီဇ Y-ခရိုမိုဆုန်းတွေဟာ ဆုတ်ယုတ်လာနိုင်ပြီး လာမယ့်သန်းပေါင်းနှစ်များအတွင်း ပျောက်ကွယ်နိုင်ခြေရှိပါတယ်။

 

▪️ Y-ခရိုမိုဆုန်းတွေ ပျောက်ကွယ်သွားပါက အမျိုးသားတွေ မျိုးသုဉ်းသွားနိုင်လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

 

▪️ သိပ္ပံပညာရှင်တွေက ကြွက်သတ္တဝါမျိုး ၂ မျိုးကို စောင့်ကြည့်လေ့လာရာမှာ Y-ခရိုမိုဆုန်း ဆုံးရှုံးပြီးနောက် အသက်ဆက်ရှင်နေပါသေးတယ်။

 

▪️ ထိုကြွက်တွေဟာ အထီးအဖြစ် သတ်မှတ်ပေးတဲ့ မျိုးဗီဇအသစ်တစ်မျိုး ဖြစ်ပေါ်လာပုံကို ၂၀၂၂ ခုနှစ်က National Academy of Science မှာ ဖော်ပြခဲ့ပါတယ်။

 

▪️ ဒါကြောင့် အထီးအမသတ်မှတ်ပေးတဲ့ မျိုးဗီအသစ် ဖြစ်ပေါ်လာခြင်းက ယောက်ျားသားများ မျိုးသုဉ်းခြင်း မဖြစ်စေနိုင်ဘူးလို့ သိပ္ပံပညာရှင်များ ယူဆနေကြပါတယ်။

 

▪️ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၈၀ လောက်က စတင်ဖြစ်ပေါ်လာတဲ့ Y-ခရိုမိုဆုန်းဟာ တဖြည်းဖြည်းလျော့ပါးလာပါတယ်။

 

▪️ ဒါဟာ Y-ခရိုမိုဆုန်းအနေနဲ့ X-ခရိုမိုဆုန်းတွေနဲ့ မပေါင်းစည်းနိုင်တော့ဘူးလို့ ဆိုပါတယ်။

 

▪️ Y-ခရိုမိုဆုန်းတွေက အချိန်ကြာလာတာနဲ့အမျှ သေးငယ်လာပြီး ယခင်ကနဦးမျိုးဗီဇတွေရဲ့ ၉၇ ရာခိုင်နှုန်းကို ဆုံးရှုံးလာရပါတယ်။

 

▪️ X-ခရိုမိုဆုန်းတွေကတော့ မျိုးဗီဇတွေကို ထိန်းသိမ်းထားနိုင်ပြီး မျိုးဗီဇပေါင်း ၉၀၀ ကျော်ရှိနေကာ Y ကတော့ ၅၅ ခုခန့်သာ ရှိပါတော့တယ်။

 

▪️ နို့တိုက်သတ္တဝါတွေနဲ့ လူသားတွေမှာဆိုရင် အမတွေမှာ X-ခရိုမိုဆုန်း ၂ ခုပါရှိပြီး အထီးတွေမှာတော့ X တစ်ခုနဲ့ Y တစ်ခုပါဝင်ပါတယ်။

 

▪️ ဒါ့အပြင် Y-ခရိုမိုဆုန်းက ဝှေးစေ့ဖြစ်ပေါ်မှု စတင်စေတဲ့ အရာလည်း ဖြစ်ပါတယ်။

 

▪️ အထီးလား အမလားဆိုတာက X တွေ Y တွေနဲ့ အမြဲမသက်ဆိုင်ဘူးလို့ အရီဇိုးနားပြည်နယ်တက္ကသိုလ်မှ ဆင့်ကဲပြောင်းလဲခြင်းဇီဝဗေဒ ပညာရှင် မယ်လီဆာဝီလ်ဆန်က ပြောသွားပါတယ်။

 

#Source: WION