#World_Health
Published 30 August 2024


▪️ ယောက်ျားလေးတွေဟာ ချစ်တင်းနှောဖို့ကိစ္စတစ်ခုခု ပေါ်လာတဲ့အခါ အရေးပေါ်အသုံးပြုနိုင်ရန် ကွန်ဒုံးတစ်ခု ဆောင်ထားတတ်ကြပါတယ်။

 

▪️ ဒါပေမဲ့ ချစ်တင်းနှောရာမှာ ကြာတတ်တဲ့သူတွေကတော့ ကွန်ဒုံးတစ်ခုထက်မက လိုအပ်လာနိုင်ပါတယ်။

 

▪️ ကွန်ဒုံးရဲ့ထိရောက်မှု လျော့ကျမသွားစေရန် ပုံမှန်လေး လဲလှယ်အသုံးပြုသင့်တယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။

 

▪️ ချစ်တင်းနှောစဉ် ကြာရှည်စွာ ပွတ်တိုက်ခြင်းကြောင့် အလွန်ပါးလွှာတဲ့ ကွန်ဒုံးမှာလည်း ထိခိုက်ပျက်စီးမှု ဖြစ်လာနိုင်ကာ မိနစ် ၃၀ ကြာတိုင်း တစ်ခုလဲလှယ်သင့်တယ်လို့ ဒေါက်တာ နီးလ်ပေတယ်လ်က ပြောပါတယ်။

 

▪️ ဒါဟာ တရားသေ လိုက်နာရမှာမျိုး မဟုတ်ပေမယ့် ဘယ်လောက်အထိ ကြမ်းတမ်းစွာ ဆက်ဆံလဲဆိုတဲ့အပေါ် မူတည်တယ်လို့ ပြောပါတယ်။

 

▪️ အမျိုးသားများအနေဖြင့် ယောနိ၊ ပါးစပ်၊ စအိုတို့မှာ ဆက်ဆံမှုမပြုခင် ကွန်ဒုံးအသုံးပြုသင့်ပြီး နေရာတစ်မျိုးကနေ နောက်တစ်မျိုး ပြောင်းလဲမယ်ဆိုရင်လည်း ဘက်တီးရီးယားတွေ ရောဂါပိုးမွှားတွေ မကူးစက်အောင် ကွန်ဒုံးလဲလှယ်သင့်တယ်လို့ အကြံပေးသွားပါတယ်။

 

▪️ ဒါ့အပြင် ကွန်ဒုံးတပ်ထားစဉ် မထောင်မတ်တော့ဘဲ နောက်တစ်ခါ ပြန်မတ်လာတဲ့အခါ ဆက်ဆံမယ်ဆိုရင်လည်း ကွန်ဒုံးလဲလှယ်သင့်တယ်လို့ Happy V မှ သူနာပြု လျာနာဘိုင်ရှုလီက ပြောပါတယ်။

 

▪️ ကာကွယ်မှုအပြည့် ရနေဖို့အတွက် ချစ်တင်းနှောတဲ့ အခါတိုင်း ကွန်ဒုံးအသစ်အသုံးပြုရပါမယ်။
ကွန်ဒုံးအသုံးပြုခြင်းဟာ ကိုယ်ဝန်မရအောင် ၉၈ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်သလို လိင်မှတဆင့် ကူးစက်တဲ့ရောဂါများကိုလည်း ကာကွယ်ပေးပါတယ်။

 

▪️ ကွန်ဒုံးတွေကများသောအားဖြင့် သက်တမ်းကုန်ဆုံးရက် ကြာမြင့်ကြပေမယ့် ရေးထားတဲ့ရက်စွဲထက် ကျော်လွန်သွားရင် အသုံးမပြုသင့်တော့ပါဘူး။

 

#Source: New York Post