#World_Science
Published10 March 2025
▪️ သိပ္ပံပညာရှင်တွေက မားစ်ဂြိုဟ်(အင်္ဂါဂြိုဟ်)ပေါ်မှာ အဏုဇီဝရုပ်ကြွင်းတွေကို ရှာဖွေနိုင်မယ့် လေဆာပစ္စည်းသစ်တစ်ခုကို စမ်းသပ်ထုတ်လုပ်နေကြပါတယ်။
▪️ လေဆာကိရိယာဟာ အဆိုပါရုပ်ကြွင်းလက္ခဏာများဖြစ်တဲ့ ဂျစ်ပဆမ်အနည်းများကို စူးစမ်းရှာဖွေမှာဖြစ်ပြီး အယ်ဂျီးရီးယားမှ မားစ်ဂြိုဟ်နဲ့ဆင်တူတဲ့ ဂျစ်ပဆမ်အစုအပြုံတွေမှာ စမ်းသပ်ထားပြီး ဖြစ်ပါတယ်။
▪️ ဒီတွေ့ရှိမှုတွေက အင်္ဂါဂြိုဟ်ဆာလ်ဖိတ်သတ္တုတွေထဲက ဇီဝလက္ခဏာများကို ရှာဖွေမယ့် ဘောင်ပုံစံတစ်ခု ဖြစ်လာနိုင်ပြီး အနာဂတ် အင်္ဂါဂြိုဟ်စူးစမ်းရေးမစ်ရှင်တွေကို လမ်းပြပေးနိုင်မယ်လို့ ဘန်းတက္ကသိုလ် ရူပဗေဒဌာနမှ သုတေသနပြုစုသူ ယူဆက်ဖ်ဆယ်လမ်က ပြောပါတယ်။
▪️ ယင်းတို့ရဲ့ အာကာသယာဉ်သုံး ရှေ့ပြေးကိရိယာ laser ablation ionization mass spectrometerက ဆာလ်ဖိတ်သတ္တုပစ္စည်းတွေထဲက ဇီဝလက္ခဏာများကို ထိရောက်စွာ ရှာဖွေနိုင်ပြီး အနာဂတ်မှာ အင်္ဂါဂြိုဟ် စူးစမ်းရေးယာဉ်များ၊ အာကာသယာဉ်မှူးများအတွက် အသုံးဝင်စေမှာဖြစ်တယ်လို့ ဆယ်လမ်က ဆိုပါတယ်။
▪️ နာဆာ(NASA)က Curiosityယာဉ်ကို စေလွှတ်ကာ အင်္ဂါဂြိုဟ်မျက်နှာပြင်နဲ့ Gale Craterတို့မှာ ရှေးခေတ် ရေကန်များ မြစ်များရှိတဲ့အထောက်အထား တွေ့ရှိခဲ့ပါတယ်။
▪️ အခုအချိန်ထိတော့ အင်္ဂါဂြိုဟ်မှာ ရုပ်ကြွင်းအထောက်အထားတွေတော့ သေချာမတွေ့ထားသေးပါဘူး။
▪️ Curiosityယာဉ်ကနေ အင်္ဂါဂြိုဟ်လေထုထဲမှာ မီသိန်းတွေ့ရှိခဲ့ပြီး ဒါဟာ အဏုဇီဝသက်ရှိရဲ့ လက္ခဏာဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်များ အကောင်းမြင်နေကြပါတယ်။
▪️ မားစ်ဂြိုဟ်ပေါ်က ရေတွေ လွန်ခဲ့တဲ့နှစ်ဘီလီယံခန့်က ခန်းခြောက်ခဲ့ပြီး ဂျစ်ပဆမ်နဲ့ အခြားဆာလ်ဖိတ်တွေ ဖြစ်ပေါ်လာတယ်လို့ လေ့လာချက်မှာ ဆိုပါတယ်။
▪️ ဂျစ်ပဆမ်တွေက ရုပ်ကြွင်းဖြစ်နိုင်တဲ့ သဘောရှိပြီး မပြိုကွဲခင်မှာ အဏုဇီဝသက်ရှိတွေကို ပိတ်သိမ်းထားကာ ဇီဝတည်ဆောက်ပုံနဲ့ ဓာတုဇီဝလက္ခဏာများ ထိန်းသိမ်းထားတယ်လို့ ဆယ်လမ်က ရှင်းပြပါတယ်။
▪️ အယ်ဂျီးရီးယားကနေ ဂျစ်ပဆမ်များ ရယူခဲ့ကြပြီး mass spectrometer ဖြင့် ဆန်းစစ်ခဲ့ကြကာ အဏုဇီဝရုပ်ကြွင်းတွေနဲ့ သဘာဝကျောက်တုံး ဖြစ်ပေါ်မှုတို့ကြား ခွဲခြားနိုင်မယ့် စံအချက်အလက်တွေအတိုင်း ကျင့်သုံးခဲ့ကြပါတယ်။
#Source: WION