#World_Health
Published 1 August 2025

▪️ ယနေ့ခေတ် ကလေးတွေမှာ အမြင်အာရုံပြဿနာများ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းအရင်းများစွာ ရှိနေပါတယ်။

▪️ ဒါပေမဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထတွေနဲ့ ကလေးတွေရဲ့ အမြင်အာရုံကို ကာကွယ်နိုင်ပါတယ်။

▪️ ဒီအတွက် မျက်လုံးပြဿနာအန္တရာယ်များ ဖြစ်နိုင်ခြေနည်းအောင် ကလေးတွေကို သွန်သင်ပြောပြပေးရမယ့် နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။

▪️ (၁) တီဗီ၊ ဖုန်း၊ ကွန်ပျူတာ အသုံးပြုတာများရင် အဝေးမှုန်ခြင်းဖြစ်နိုင်တာကြောင့် အချိန်အကန့်အသတ်ဖြင့်သာ ကြည့်ရှုစေရပါမယ်။

▪️ (၂) အပြင်ဘက်မှာ တစ်နေ့ကို ၁-၂ နာရီလောက် လှုပ်ရှားစေခြင်းဖြင့် သဘာဝအလင်းရောင် ထိတွေ့စေပြီး မျက်လုံးကြွက်သားများ အားကောင်းစေပါတယ်။

▪️ (၃) အလင်းရောင်ကောင်းကောင်းမရရင် မျက်လုံးကိုဒဏ်ဖြစ်စေတာကြောင့် ကလေးတွေ စာလေ့လာတဲ့အခါ အလင်းရောင်ကောင်းစွာ ရပါစေ။

▪️ (၄) အဝေးမှုန်ခြင်းနဲ့ မျက်လုံးဒဏ်ဖြစ်ခြင်းမှ ကာကွယ်နိုင်ရန် စာအုပ်တွေ၊ ဖုန်းတွေကြည့်တဲ့အခါ အနည်းဆုံး ၁၂-၁၆ လက်မလောက် ခွာကြည့်ခိုင်းပါ။

▪️ (၅) မကြာခဏ မျက်တောင်ခတ်ခြင်း၊ အနီးကြည့်ရာကနေ အဝေးသို့ပြောင်းကြည့်ခြင်းစသဖြင့် သာမန်မျက်လုံးလေ့ကျင့်ခန်းများက မျက်လုံးကြွက်သားများကို သန်မာစေပါတယ်။

▪️ (၆) ဗိုက်တာမင်-အေ၊ စီ၊ အီး၊ ဇင့်၊ အိုမီဂါ-၃ ဖက်တီးအက်ဆစ်တို့ကြွယ်ဝတဲ့ အစားအစာတွေ စားခြင်းဖြင့် မျက်လုံးကျန်းမာရေး ကောင်းမွန်စေပါတယ်။

▪️ (၇) ညဘက်လုံလောက်စွာ အိပ်စက်ခြင်းက မျက်လုံးနဲ့ ဦးနှောက်ကို မှန်ကန်စွာ အားဖြည့်စေပါတယ်။

▪️ (၈) ရေဓာတ်ခန်းခြောက်ရင် မျက်လုံးခြောက်သွေ့နိုင်တာကြောင့် တစ်နေ့တာလုံး ရေလုံလောက်စွာ သောက်ခိုင်းသင့်ပါတယ်။

▪️ (၉) မျက်လုံးကို လက်နဲ့ပွတ်မိရင် ရောဂါပိုးဝင်နိုင်တာကြောင့် လက်တွေကို သန့်ရှင်းစွာထားဖို့ သင်ပြထားသင့်ပါတယ်။

▪️ (၁၀) မျက်စိပုံမှန်စမ်းသပ်စစ်ဆေးခြင်းဖြင့် မျက်လုံးပြဿနာများ စောစီးစွာသိရှိနိုင်သဖြင့် စောစာဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

#Source: DoctorNDTV