#World_Science
Published 09 February 2025


▪️ ဂြိုဟ်သိမ် 2024 YR4ဟာ ကမ္ဘာဂြိုဟ်ကို ဝင်တိုက်နိုင်ခြေ ၁ ရာခိုင်နှုန်းရှိပြီး နောက်ထပ်စောင့်ကြည့်လေ့လာချက်များ ပြုလုပ်နေသဖြင့် အချိန်ကြာလာတာနဲ့အမျှ မူလသုံးသပ်ချက် ပြောင်းလဲလာနိုင်တယ်လို့ နာဆာ(NASA)က ပြောပါတယ်။

▪️ ဒီဂြိုဟ်သိမ်အကြောင်းကို ၂၀၂၄ ဒီဇင်ဘာ ၂၇ ရက်နေ့က Minor Planet စင်တာသို့ ပထမဆုံး အကြောင်းကြားခဲ့ပါတယ်။

▪️ ဂြိုဟ်သိမ် 2024 YR4က ပေ ၁၃၀ မှ ၃၀၀ ခန့်ရှိပြီး ၂၀၂၄ ဒီဇင်ဘာ ၃၁ မှာ Sentry ဘေးအန္တရာယ်စာရင်းထဲသို့ ရောက်ရှိလာချိန်မှာ နက္ခတ္တပညာရှင်များ သတိထားလာကြပါတယ်။

▪️ ထိုစာရင်းဟာ ကမ္ဘာဂြိုဟ်ကို ထိခိုက်နိုင်ခြေရှိသမျှ အနီးအနားမှ ဂြိုဟ်သိမ်များ ပါဝင်ပါတယ်။

▪️ ဒီဂြိုဟ်သိမ်ဟာ ကမ္ဘာကို ၂၀၃၂ ဒီဇင်ဘာ ၂၂ မှာ ထိမှန်နိုင်ခြေရှိတယ်လို့ နာဆာက ခန့်မှန်းထားပါတယ်။

▪️ ထိနိုင်ခြေ ၁ ရာခိုင်နှုန်းကျော်တဲ့ အခြားဂြိုဟ်သိမ်တွေတော့ လက်ရှိမှာ မတွေ့ထားဘူးလို့ ဆိုပါတယ်။

▪️ ဒီဂြိုဟ်သိမ်ရဲ့ အရွယ်အစားမျိုးက ကမ္ဘာဂြိုဟ်ကို နှစ်ပေါင်းထောင်ချီကြာတိုင်း ထိခိုက်လေ့ရှိကာ နေရာဒေသတစ်ခုကို ပြင်းထန်စွာ ထိခိုက်ပျက်စီးစေနိုင်တယ်လို့ ဥရောပအာကာသအေဂျင်စီက ပြောပါတယ်။

▪️ ဂြိုဟ်သိမ် 2024 YR4 ကို Torino Impact Hazard အတိုင်းအတာမှာ အဆင့်-၃ သတ်မှတ်ထားကာ စောင့်ကြည့်လာကြပါတယ်။

▪️ ဒီအတွက် နိုင်ငံတကာ ဂြိုဟ်သိမ်သတိပေးကွန်ရက် (IAWN)နဲ့ အာကာသမစ်ရှင် စီမံရေးအကြံပေးအဖွဲ့ (SMPAG)တို့ စောင့်ကြည့်လေ့လာရေးမှာ ပါဝင်လာပါတယ်။

▪️ လာမယ့်လအနည်းငယ်အတွင်း ဂြိုဟ်သိမ်ဟာ ကမ္ဘာ့မြင်ကွင်းကနေ မှေးမှိန်လာလိမ့်မယ်လို့ ဥရောပအာကာသ အေဂျင်စီက ‌ဖော်ပြထားပါတယ်။

▪️ နောက်ထပ်စောင့်ကြည့်ချက်များအရ ဂြိုဟ်သိမ်ထိမှန်နိုင်ခြေက သုညရာခိုင်နှုန်း ဖြစ်လာနိုင်ပါတယ်။

#Source: India Today