#World_News
Published 25 January 2025

▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားအထောက်အပံ့ ပေးဝေခြင်းတွေဟာ သူ့ရဲ့နိုင်ငံခြားရေးမူဝါဒနဲ့ ကိုက်ညီခြင်းရှိမရှိ ပြန်လည်သုံးသပ်ရန် အကူအညီပေးခြင်းတွေ ရပ်ဆိုင်းဖို့ အမိန့်ချလိုက်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့မှာ လက်ရှိ နိုင်ငံခြားအထောက်အပံ့အားလုံး ရပ်တန့်ရန် ထုတ်ပြန်လိုက်ပြီး အကူအညီသစ်များ ဆိုင်းငံ့ထားလိုက်ကြောင်း ရိုက်တာသတင်းဌာနက ကြေးနန်းစာတစ်ခုကို ဖော်ပြခဲ့ပါတယ်။

▪️ နိုင်ငံခြားအထောက်အပံ့ရုံးမှ မူကြမ်းရေးဆွဲပြီး နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုမှ အတည်ပြုလိုက်တဲ့ ကြေးနန်းစာမှာ အစ္စရေးလ်နဲ့ အီဂျစ်တို့အတွက် စစ်ရေးငွေကြေးထောက်ပံ့ခြင်းကို အမိန့်မှ ကင်းလွတ်ခွင့်ပြုကြောင်း ဖော်ပြထားပြီး တခြားနိုင်ငံတွေတော့ မပြောထားပါဘူး။
အခုလိုရပ်ဆိုင်းလိုက်ခြင်းက အသက်ကယ် ကူညီထောက်ပံ့ကိစ္စတွေမှာ ဒေါ်လာဘီလီယံနဲ့ချီ လျော့ကျသွားနိုင်ပါတယ်။

▪️ ၂၀၂၃ ဘဏ္ဏာရေးနှစ်မှာ အမေရိကန်က တစ်ကမ္ဘာလုံးမှာ အများဆုံးထောက်ပံ့ကူညီသူဖြစ်ခဲ့ပြီး ဒေါ်လာ ၇၂ ဘီလီယံ ထုတ်ပေးခဲ့ပါတယ်။

▪️ တနင်္လာနေ့ သမ္မတတာဝန်စထမ်းဆောင်တဲ့နေ့မှာပဲ ထရမ့်ဟာ နိုင်ငံခြားထောက်ပံ့ရေးကို ရက် ၉၀ ကြာအောင် ရပ်ဆိုင်းကြောင်း အမိန့်ထုတ်ခဲ့ပြီး နိုင်ငံခြားရေးမူဝါဒနဲ့ ကိုက်ညီခြင်းရှိမရှိ ထိရောက်မှုတွေ တစ်သမတ်တည်းရှိမှုတွေကို ပြန်လည်သုံးသပ်ဖို့ ဆိုင်းငံ့ထားကာ ညွှန်ကြားချက်က ဘယ်လောက်အတိုင်းအတာထိလဲ ဆိုတာတော့ မသိရပါဘူး။

▪️ လက်ရှိ Refugees International ဥက္ကဌ USAID အရာရှိဟောင်း ဂျရယ်မီကိုနင်ဒစ်က "ဒါဟာ ဆင်ခြင်မဲ့လုပ်ရပ်။ ကြေးနန်းစာထဲ ဖော်ပြတဲ့အတိုင်းဆိုရင် လူတွေအများကြီး သေဆုံးကြရလိမ့်မယ်" လို့ ပြောပါတယ်။

▪️ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ရပ်ဆိုင်းလိုက်ခြင်းက မိတ်ဖက်နိုင်ငံတွေအနေနဲ့ ဘဏ္ဍာရေးထောက်ပံ့ပေးနိုင်မယ့် အခြားသူတွေကို ရှာဖွေရလိမ့်မယ်လို့ သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။

▪️ ယူကရိန်းရေးရာတွေမှာ တာဝန်ရှိသူတွေကို အထောက်အပံ့များ ရပ်တန့်ဖို့ မှာကြားထားသလို စာသင်ကျောင်းတွေ၊ ကျန်းမာရေးထောက်ပံ့မှုတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

▪️ ဒီအစီအစဉ်တွေကို ဆက်လုပ်မလား၊ ပြုပြင်မလား၊ အဆုံးသတ်မလားဆိုတာကို ရူဘီယိုက လာမယ့် ၈၅ ရက်အတွင်း သုံးသပ်ပြီးနောက် ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

▪️ ယခုအချိန်အထိတော့ အစ္စရေးလ်၊ အီဂျစ်တို့အတွက် စစ်ရေးဘဏ္ဍာထောက်ပံ့စရိတ်နဲ့ စီမံကွပ်ကဲရေးကုန်ကျစရိတ်များ စွန့်လွှတ်ရေးကို ရူဘီယိုက အတည်ပြုထားကြောင်း နိုင်ငံခြားရေးဌာန ကြေးနန်းစာမှာ ဖော်ပြထားပါတယ်။

Source: Reuters