#World_Health
Published 31 May 2025
▪️ တစ်ကိုယ်ရည်သုံး ထုတ်ကုန်ပစ္စည်းအများအပြားမှာ ကင်ဆာဖြစ်စေနိုင်တဲ့ဓာတ် ပါဝင်နေတယ်လို့ လေ့လာချက်အသစ်တစ်ခုမှာ တွေ့ရှိထားပါတယ်။
▪️ ဖော်မယ်ဒီဟိုက်က ကင်ဆာနဲ့ဆက်စပ်နေပေမယ့် ဒီဓာတ်ပစ္စည်းနဲ့ ဒါကိုထွက်ရှိစေတဲ့ တာရှည်ခံပစ္စည်းတွေကို တစ်ကိုယ်ရည်သုံးပစ္စည်းများ ထုတ်လုပ်တဲ့နေရာမှာ ထည့်သွင်းနေကြပါတယ်။
▪️ ခေါင်းလျှော်ရည်၊ လိုးရှင်း၊ ကိုယ်တိုက်ဆပ်ပြာ၊ မျက်တောင်ကပ်ကော်တို့မှာ ပါဝင်နေတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
▪️ ဆံပင်ပျော့ဆေးအသုံးပြုလေ့ရှိတဲ့ ဓမ္မတာဆုံးပြီးသား လူမည်းအမျိုးသမီးတွေမှာ သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းပိုများကြောင်း ဘော့စ်တွန်တက္ကသိုလ်မှ သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။
▪️ ဆံပင်ဖြောင့်ဆေးတွေသာမကဘဲ ခန္ဓာကိုယ်အနှံ့မှာ အသုံးပြုနေတဲ့ ပစ္စည်းတွေမှာလည်း ဒီလိုဓာတုပစ္စည်းများ ပါဝင်ပြီး မကြာခဏထိတွေ့နေတာဟာ ဘေးအန္တရာယ် ဖြစ်စေနိုင်မယ်လို့ ဒေါက်တာ ရော်ဘင်ဒေါ့ဆန်က ပြောပါတယ်။
▪️ လက်တင်နဲ့ လူမည်းအမျိုးသမီးတွေမှာ တစ်ကိုယ်ရည်သုံးပစ္စည်းများ အသုံးပြုခြင်းနဲ့ ပတ်သက်ပြီး ဆန်းစစ်ခဲ့ကြရာ ၅၃ ရာခိုင်နှုန်းက ဒီပစ္စည်းကို နေ့စဉ် ဒါမှမဟုတ် တစ်ပတ်ကို ကြိမ်ဖန်များစွာ အသုံးပြုကြပါတယ်။
▪️ အရေပြားထိန်းသိမ်းပစ္စည်း ၄၇ ရာခိုင်နှုန်းခန့်နဲ့ ဆံပင်ထိန်းသိမ်းပစ္စည်း ၅၈ ရာခိုင်နှုန်းခန့်မှာ ဖော်မယ်ဒီဟိုက်ထုတ်လုပ်ပေးတဲ့ DMDM ဟိုင်ဒန်တွိုင် ပါဝင်တာကို တွေ့ရှိခဲ့ကြပါတယ်။
▪️ ဖော်မယ်ဒီဟိုက်ပါဝင်တဲ့ အလှကုန်ပစ္စည်းများကို ရှောင်ရှားဖို့ အမျိုးသမီးများ သိကြပေမယ့် ဖော်မယ်ဒီဟိုက်ထုတ်လွှတ်တဲ့ ပစ္စည်းတွေအကြောင်းတော့ မသိကြပါဘူး။
▪️ ကုမ္ပဏီတွေအနေနဲ့ ဖော်မယ်ဒီဟိုက် ထုတ်လွှတ်တဲ့ပစ္စည်းများ ပါဝင်တဲ့ထုတ်ကုန်တွေမှာ သတိပေးစာထည့်သွင်းသင့်တယ်လို့ ဒေါ့ဆန်က ယူဆထားပါတယ်။
#Source: New York Post