#World_Science
Published 09 January 2025
▪️ ယခုဆယ်စုနှစ်ကုန်လောက်မှာ နိုင်ငံတွေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ လဂြိုဟ်မျက်နှာပြင်မှာ သတ္တုတူးဖော်ရှာဖွေသွားဖွယ် ရှိနေပါတယ်။
▪️ တိုင်းပြည်တွေနဲ့ ကော်ပိုရေးရှင်းလုပ်ငန်းတွေ အာကာသကို သွားလာရောက်ရှိနေကြတာကြောင့် အဲဒီနေရာတွေမှာ ဘာလုပ်ချင်ကြလဲဆိုတာ ဆန်းစစ်ဖို့ လိုလာပါတယ်။
▪️ အာကာသမှာ လူသားတွေ မျှဝေသုံးစွဲနိုင်မယ့် အနာဂတ်နဲ့ ပတ်သက်လို့ ကာကွယ်ဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေ ဖန်တီးသင့်ပြီး လာမယ့်မျိုးဆက်သစ်များအတွက် ပြယုဂ်တစ်ခု ဖြစ်နေရပါမယ်။
▪️ နာဆာတို့ တရုတ်တို့ဟာ လဂြိုဟ်ပေါ်မှာ တူးဖော်ရေးစီမံကိန်းများ ပြုလုပ်ရန် ကြံရွယ်နေကြပြီး လပေါ်မှ သယံဇာတများကို ဘယ်လိုထုတ်ယူရမလဲဆိုတာ ကုမ္ပဏီများ အပြိုင်အဆိုင်ဖြစ်လာကာ အစိုးရတွေထံ ပြန်လည်ရောင်းချလာနိုင်ပါတယ်။
▪️ အာကာသမှာ စူးစမ်းရှာဖွေဖို့ ထောက်ပံ့ပစ္စည်းတွေကို ကမ္ဘာမြေကနေ သယ်ပို့ရပေမယ့် အလွန်ကုန်ကျစရိတ် ကြီးမားပါတယ်။
▪️ ဒါပေမဲ့ လပေါ်က ရေခဲကို ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင်အဖြစ်သို့ ပြောင်းလဲနိုင်ရင် ရောက်တဲ့နေရာမှာပဲ အာကာသယာဉ်ကို လောင်စာပြန်ဖြည့်နိုင်မှာဖြစ်ပြီး ခရီးပိုတွင်မှာ ဖြစ်ပါတယ်။
▪️ နည်းပညာပစ္စည်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ကမ္ဘာပေါ်မှ ရှားပါးသတ္တုတွေလည်း လပေါ်မှာ ပေါများတာကြောင့် အစိုးရအာကာသအဖွဲ့တွေထက် ပုဂ္ဂလိကကုမ္ပဏီတွေက လက်ဦးမှုရယူပြီး လပေါ်မှာ တူးဖော်ရှာဖွေနိုင်ဖွယ် ရှိနေပါတယ်။
▪️ လမျက်နှာပြင်မှ ပစ္စည်းများတူးဖော်ထုတ်ယူတဲ့အခါ ထွက်လာတဲ့ အမှုန်တွေက အကွာအဝေးတစ်ခုအထိ ရောက်သွားနိုင်ပြီး ကျန်ခဲ့တဲ့နေရာတွေမှာ ပိုမိုတောက်ပတဲ့ အသွင်သဏ္ဍာန် မြင်ရနိုင်ပါတယ်။
▪️ တူးဖော်ရေးလုပ်ငန်း အသေးစားပြုလုပ်ရင်တောင် မြင်သာတဲ့ပြောင်းလဲမှုမျိုး ဖြစ်နိုင်တာကြောင့် ရေရှည်တည်တံ့ပြီး ထိခိုက်မှုအနည်းဆုံးဖြစ်မယ့် တူးဖော်ရေးလမ်းစဉ်ပြုလုပ်ဖို့ ထိန်းသိမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
▪️ ၁၉၆၇ အာကာသ သဘောတူညီချက်အရ လကိုဘယ်နိုင်ငံမှ မပိုင်ဆိုင်ပေမယ့် ကုမ္ပဏီတစ်ခုခုက လပေါ်မှာ တူးဖော်ထုတ်ယူတာမျိုးက ချိုးဖောက်ရာကျလားဆိုတာ မရှင်းလင်းထားပါဘူး။
▪️ နောက်ပိုင်းမှာတော့ အာကာသ သဘောတူညီချက်ဟာ အာကာသ စူးစမ်းရှာဖွေရေးက ကမ္ဘာပေါ်မှ လူအားလုံးအတွက် အကျိုးရှိသင့်ပြီး ပိုမိုကြွယ်ဝချမ်းသာတဲ့ တိုင်းပြည်တွေ လုပ်ငန်းတွေပဲ ရောက်ရှိရုံမဟုတ်ဘူးလို့ သတ်မှတ်လာပါတယ်။
▪️ လဂြိုဟ်ပေါ်မှာ အလုပ်သွားလုပ်သူတွေအနေနဲ့ လရဲ့ဆွဲငင်အား နည်းပါးခြင်းကြောင့် အရိုးနဲ့ ကြွက်သားဆုံးရှုံးခြင်း၊ အရိုးပွခြင်း၊ ကျောက်ကပ်နဲ့ နှလုံးသွေးကြော ထိခိုက်ခြင်း၊ ကိုယ်ခံအားချို့ယွင်းခြင်းတို့ ခံစားရနိုင်ပါတယ်။
▪️ ဒါကြောင့် လပေါ်မှာ အလုပ်လုပ်မယ့်သူတွေရဲ့ ကျန်းမာရေးအတွက် စည်းမျဉ်းဥပဒေကောင်းတွေ လိုအပ်ပါတယ်။
▪️ လဂြိုဟ်ဟာ လူသားမျိုးနွယ် စူးစမ်းရှာဖွေရေးအတွက် ခြေလှမ်းတစ်ခုဖြစ်နိုင်ပြီး ကမ္ဘာပေါ်မှ သက်ရှိများ တည်တံ့ဖို့ သယံဇာတရင်းမြစ်များ ရှိနေပါတယ်။
#Source: NDTV