#World_News
Published 28 April 2025
▪️ အိန္ဒိယကက်ရှ်မီးယားဒေသမှာ မကြာသေးမီက အစ္စလာမ်စစ်သွေးကြတိုက်ခိုက်မှု ဖြစ်ပြီးနောက် ပါကစ္စတန်နဲ့ အိန္ဒိယတို့ကြား တင်းမာမှုမြင့်တက်နေရာ အမေရိကန်က ထိုနှစ်နိုင်ငံစလုံးနဲ့ မျက်ခြေမပြတ် ဆက်သွယ်နေပြီး တာဝန်ယူဖြေရှင်းဆုံးဖြတ်ချက်တစ်ခု ရရှိရန် ဦးတည်လုပ်ဆောင်ကြဖို့ တိုက်တွန်းထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
▪️ တိုက်ခိုက်မှုအတွက် အမေရိကန်အစိုးရက အိန္ဒိယကိုထောက်ခံအားပေးကြောင်း လူသိရှင်ကြား ထုတ်ဖော်ထားပေမယ့် ပါကစ္စတန်ကို ပြစ်တင်ဝေဖန်ခြင်း မရှိပါဘူး။
▪️ အိန္ဒိယအုပ်ချုပ်ခွင့်ရ ကက်ရှ်မီးယားမှာ ဧပြီ ၂၂ ရက်နေ့က တိုက်ခိုက်မှုကြောင့် လူတစ်ဒါဇင်ကျော်သေဆုံးခဲ့တဲ့အပေါ် အိန္ဒိယကတော့ ပါကစ္စတန်ကို အပြစ်တင်ထားပါတယ်။
▪️ ပါကစ္စတန်က ယင်းတို့တာဝန်မဟုတ်ဘူးလို့ ငြင်းဆိုထားကာ ကြားနေစုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုထားပါတယ်။
▪️ "အခြေအနေက ပြောင်းလဲနေပြီး တိုးတက်မှုတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်။ အိန္ဒိယရော ပါကစ္စတန်အစိုးရတို့နဲ့ပါ ဌာနအဆင့်ဆင့်အလိုက် ဆက်သွယ်ပြောဆိုနေပါတယ်" လို့ နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကို အီးမေးလ်ဖြင့်ပြောဆိုခဲ့ပါတယ်။
▪️ အမေရိကန်အနေနဲ့ တာဝန်ယူဖြေရှင်းဆုံးဖြတ်ချက်ရရှိဖို့ အတူတကွလုပ်ဆောင်ရန် အဖွဲ့အစည်းအားလုံးကို တိုက်တွန်းအားပေးလိုကြောင်းလည်း ထည့်သွင်းပြောဆိုထားပါတယ်။
▪️ အမေရိကန်ဟာ အိန္ဒိယဘက်မှရပ်တည်ပြီး အကြမ်းဖက်တိုက်ခိုက်မှုကို လျှော့ချကြောင်းလည်း ဆိုပါတယ်။
▪️ အာရှအတွင်း တရုတ်လွှမ်းမိုးမှုမြင့်တက်လာခြင်းကို တုံ့ပြန်ဖို့အတွက် အမေရိကန်က အိန္ဒိယကို အရေးကြီးမိတ်ဖက်အဖြစ် သတ်မှတ်လာသလို ပါကစ္စတန်ကလည်း အမေရိကန်မဟာမိတ်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။
▪️ ဝါရှင်တန်အခြေစိုက် တောင်အာရှသုံးသပ်ရေးသားသူ မိုက်ကယ်ကူဂယ်မန်းက အမေရိကန်ဟာ ရုရှားစစ်ပွဲ၊ အစ္စရေးလ်စစ်ပွဲတို့မှာလည်း သံတမန်ရေးအရ ပါဝင်ပတ်သက်နေရတာကြောင့် အိန္ဒိယနဲ့ ပါကစ္စတန်ကိစ္စကို ဝင်မပါသင့်သေးဘူးလို့ သုံးသပ်ထားပါတယ်။
#Source: Reuters