#World_News
Published 20 May 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တနင်္လာနေ့က ဖုန်းပြောဆိုခဲ့ပြီးနောက် ရုရှားနဲ့ ယူကရိန်းတို့ အပစ်အခတ်ရပ်စဲရေးအတွက် ညှိနှိုင်းမှုများ ချက်ချင်းစတင်ပြုလုပ်သွားမယ်လို့ ပြောပါတယ်။
▪️ ဒါပေမဲ့ ရုရှားက ဒီအတွက် အချိန်ယူရမှာဖြစ်ပြီး ရုရှားကို ဖိအားပေးဖို့ ဥရောပမှ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များအတွက် ပူးပေါင်းရန် ထရမ့်အသင့်မရှိဘူးဆိုတဲ့သဘော ဖော်ပြခဲ့ပါတယ်။
▪️ ဆိုရှယ်မီဒီယာမှာ ဖော်ပြထားချက်အရ ထရမ့်က ပူတင်နဲ့ဖုန်းပြောပြီးနောက် ဒီအစီအစဉ်ကို ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီအပြင် ဥရောပသမဂ္ဂ၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ ဖင်လန်ခေါင်းဆောင်တို့နဲ့လည်း ထပ်ဆင့်ပြောပြခဲ့ပါတယ်။
▪️ ယူကရိန်းနဲ့ ရုရှားကြား တိုက်ရိုက်ဆွေးနွေးမှုများ ပြန်လည်စတင်ဖို့ ထောက်ပံ့ကူညီပေးတဲ့အတွက် ပူတင်က ထရမ့်ကို ကျေးဇူးတင်လိုက်ပါတယ်။
▪️ "ရုရှားဘက်က တင်ပြမယ်လို့ပြောတဲ့ အမေရိကန်သမ္မတနဲ့ သဘောတူပါတယ်။ အနာဂတ်မှာ ငြိမ်းချမ်းရေးရရှိဖို့အရေး သဘောတူညီမှုမူကြမ်းအတွက် ယူကရိန်းနဲ့အတူ လုပ်ဆောင်သွားဖို့ အသင့်ရှိပါတယ်" လို့ ပူတင်က သတင်းထောက်တွေကို ပြောသွားပါတယ်။
▪️ ယူကရိန်းနဲ့ ရုရှားတို့ တိုက်ရိုက်ဆွေးနွေးပြောဆိုမှုများ ဆက်လက်ပြုလုပ်သွားမယ့်သဘော မြင်ရပေမယ့် တနင်္လာနေ့ပြောဆိုမှုထဲမှာ အဓိကတိုးတက်မှုကြီးတွေတော့ မရရှိခဲ့ပါဘူး။
▪️ ဥရောပခေါင်းဆောင်တွေက ဒဏ်ခတ်ပိတ်ဆို့မှုများဖြင့် ရုရှားအပေါ် ဖိအားထပ်တိုးပေးသွားဖို့ ဆုံးဖြတ်လိုက်ကြောင်း ဂျာမနီအဓိပတိ ဖရိုင်းဒရစ်မာ့ဇ်က X ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
▪️ ဥရောပခေါင်းဆောင်တွေနဲ့ ယူကရိန်းတို့က ရုရှားကို အပစ်အခတ်ရပ်စဲရေး ချက်ချင်းသဘောတူညီစေချင်ပေမယ့် ရုရှားအစိုးရမှ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကော့ဗ်ကတော့ နောက်ဆုံးသတ်မှတ်ချိန် မပြောနိုင်ဘူးလို့ ဆိုထားကြောင်း ရုရှားသတင်းဌာနတွေက ဖော်ပြထားပါတယ်။
#Source: Reuters