#World_Health
Published 19 January 2025
▪️ အမျိုးသားတွေရဲ့ အဓိကဟော်မုန်း တက်စ်တိုစတီရုန်းက ကြွက်သားထုထည်၊ အရိုးသိပ်သည်းဆ၊ ကြံ့ခိုင်သန်စွမ်းမှုတို့ ထိန်းသိမ်းရာမှာ အရေးပါပါတယ်။
▪️ အသက်အရွယ်အရ တက်စ်တိုစတီရုန်းပမာဏ ကျဆင်းလာတတ်ပေမယ့် စားသောက်နေထိုင်မှုပုံစံတွေနဲ့ မြှင့်တင်ပေးနိုင်ပါတယ်။
▪️ တက်စ်တိုစတီရုန်း လျော့နည်းပါက အမျိုးသားတွေရဲ့ ကျန်းမာရေး ထိခိုက်နိုင်ပြီး လိင်စိတ်ဆန္ဒ ကျဆင်းခြင်း၊ နွမ်းနယ်ခြင်း၊ ကြွက်သားဆုံးရှုံးခြင်း၊ စိတ်အပြောင်းအလဲဖြစ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ တက်စ်တိုစတီရုန်းပမာဏ မြင့်မားလာအောင် လုပ်နိုင်မယ့် သဘာဝနည်းလမ်းများ ဖော်ပြလိုက်ပါတယ်။
(၁) ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း
▪️ လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ဖို့က အရေးကြီးပြီး ပြင်းထန်မှုမြင့်မားတဲ့ လေ့ကျင့်ခန်းတွေက တက်စ်တိုစတီရုန်းပမာဏကို သိသာစွာ မြှင့်တင်ပေးကာ ကြွက်သားထုထည်၊ ခွန်အား၊ ဇီဝဖြစ်စဉ်ကျန်းမာရေးတို့ တိုးတက်စေပါတယ်။
(၂) မျှတစွာစားသုံးခြင်း
▪️ အာဟာရမျှတတဲ့ အစားအစာတွေက ဟော်မုန်းတွေကို ထိန်းညှိပေးပြီး ဇင့်၊ မဂ္ဂနီဆီယံ၊ ဗိုက်တာမင်-ဒီတို့က တက်စ်တိုစတီရုန်း ထုတ်လုပ်မှုအတွက် အရေးကြီးကာ ဟော်မုန်းထုတ်လုပ်မှု၊ ခွန်အား၊ ကျန်းမာရေးတို့ကို ထောက်ပံ့ပေးပါတယ်။
(၃) လုံလောက်စွာအိပ်စက်ခြင်း
▪️ အိပ်စက်မှုမလုံလောက်ပါက တက်စ်တိုစတီရုန်း လျော့ကျလာနိုင်ပြီး တစ်နေ့ကို ၇-၉ နာရီလောက် ကောင်းမွန်စွာ အိပ်စက်သင့်ပါတယ်။
(၄) ဖိစီးမှုလျှော့ချခြင်း
▪️ ဖိစီးမှုရေရှည်ခံစားရပါက တက်စ်တိုစတီရုန်း ထိခိုက်နိုင်ပြီး တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်းတို့ဖြင့် ထိန်းသိမ်းနိုင်ပါတယ်။
(၅) ပိုလျှံသောကိုယ်အလေးချိန်လျှော့ချခြင်း
▪️ အဝလွန်ခြင်းကြောင့် တက်စ်တိုစတီရုန်းပမာဏ လျော့ကျတာနဲ့ ဆက်စပ်နေပြီး အစားအစာ၊ လေ့ကျင့်ခန်းတို့ ပြုလုပ်ပြီး ကိုယ်အလေးချိန်လျှော့ချကာ တက်စ်တိုစတီရုန်း ပြန်မြှင့်တင်ပေးနိုင်ပါတယ်။
(၆) အယ်လ်ကိုဟောကန့်သတ်ခြင်း
▪️ အယ်လ်ကိုဟော အလွန်အကျွံ သောက်သုံးပါက တက်စ်တိုစတီရုန်း လျော့ကျနိုင်ပြီး တော်သင့်ရုံသာ သောက်သုံးသင့်ပါတယ်။
(၇) ဗိုက်တာမင်-ဒီ လုံလောက်အောင်နေခြင်း
▪️ တက်စ်တိုစတီရုန်း ထုတ်လုပ်ဖို့အတွက် ဗိုက်တာမင်-ဒီ မရှိမဖြစ်လိုအပ်ပြီး နေရောင်ခြည်ထိတွေ့ခြင်းကနေ အများဆုံးရရှိနိုင်ကာ ကိုယ်ခံအားလုပ်ဆောင်ချက်၊ အရိုးကျန်းမာရေး၊ ဟော်မုန်းမျှခြေတို့ မြှင့်တင်ပေးပါတယ်။
(၈) ကျန်းမာရေးညီညွတ်အဆီစားသုံးခြင်း
▪️ အိုမီဂါ-၃ ဖက်တီးအက်ဆစ်လိုမျိုး အဆီတွေက ဟော်မုန်းထုတ်လုပ်ဖို့ အရေးပါပြီး ထောပတ်သီး၊ အဆီပါသောငါး၊ သံလွင်ဆီတို့က တက်စ်တိုစတီရုန်းကို ထောက်ပံ့ပေးပါတယ်။
(၉) ဟော်မုန်းထိခိုက်စရာများရှောင်ရှားခြင်း
▪️ ပလတ်စတစ်၊ ပိုးသတ်ဆေး၊ တစ်ကိုယ်ရည်သုံးပစ္စည်းအချို့မှာ တွေ့ရတဲ့ ဓာတုပစ္စည်းတွေက ဟော်မုန်းညီမျှမှုကို နှောင့်ယှက်တာကြောင့် သတိထားရှောင်ရှားရပါမယ်။
#Source: DoctorNDTV