#World_News
Published 10 February 2025
▪️ ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးပြောဆိုမှုတွေမှာ အမေရိကန် တိုးတက်မှုတွေ ရှိလာတယ်လို့ ယုံကြည်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့က ပြောသွားပေမယ့် ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ပြောဆိုသမျှကိုတော့ အတိအကျ ပြောပြဖို့ ငြင်းဆန်ခဲ့ပါတယ်။
▪️ Air Force One ပေါ်ကနေ သတင်းထောက်တွေကို ပြောကြားရာမှာ ၂၀၂၂ အစောပိုင်းနောက်ပိုင်း ပူတင်နဲ့ အမေရိကန်သမ္မတကြား ပထမဆုံး တရားဝင်ပြောဆိုမှု ပြုလုပ်ခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။
▪️ ပြောဆိုမှုအများကြီး ပြုလုပ်နိုင်ရန် မျှော်လင့်ကြောင်း၊ စစ်ပွဲကို အဆုံးသတ်ရမှာဖြစ်ကြောင်း၊ ဘာတွေပြောဆိုလဲဆိုတာ မပြောချင်ပေမယ့် တိုးတက်မှုရှိလာတယ်လို့ ယုံကြည်ကြောင်း၊ ရုရှားရော ယူကရိန်းနဲ့ပါ အမေရိကန်က ပြောဆိုနေကြောင်း ပြောသွားပါတယ်။
▪️ ထရမ့်ဟာ စစ်ပွဲအဆုံးသတ်ပေးမယ်လို့ ကတိပေးထားပေမယ့် ဘယ်လိုလုပ်မလဲဆိုတာ အများသိအောင် မချပြထားပါဘူး။
▪️ သောကြာနေ့က နယူးယော့ခ်ပို့စ်နဲ့ အင်တာဗျူးမှာ ပူတင်နဲ့ ဘယ်နှကြိမ် ပြောပြီးထားကြောင်း၊ နောက်ဆုံးပြောခဲ့တုန်းက စကားတွေကို မဖော်ပြလိုကြောင်း ပြောသွားပါတယ်။
▪️ ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကော့ဗ်က ပြောဆိုဆက်သွယ်မှု အမျိုးမျိုးရှိခဲ့ပြီး မသိတာတွေ ရှိနိုင်တာကြောင့် အတည်ပြုဖို့ရော ငြင်းဆန်ဖို့ရော မတတ်နိုင်ဘူးလို့ ရုရှားနိုင်ငံပိုင် TASS သတင်းဌာနကို ပြောသွားပါတယ်။
▪️ အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေး မိုက်ခ်ဝေါ့ဇ်ကလည်း နှစ်နိုင်ငံကြား ပြောဆိုမှုတွေအကြောင်း မေးမြန်းရာမှာ ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။
▪️ ထရမ့်က ပူတင်နဲ့ တွေ့ဆုံသွားမယ်လို့ အကြိမ်ကြိမ်ပြောထားပေမယ့် နေရာနဲ့ အချိန်ကိုတော့ မပြောထားပါဘူး။
▪️ လာမယ့်ရက်ပိုင်းအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ ဒုသမ္မတနဲ့ ယူကရိန်းစစ်ပွဲ အထူးသံတမန်တို့အပါအဝင် အရာရှိအဖွဲ့ဟာ စစ်ပွဲအကြောင်း ဆွေးနွေးရန် ဥရောပသို့ သွားရောက်မှာ ဖြစ်ပါတယ်။
▪️ ပူတင်က ယူကရိန်းငြိမ်းချမ်းရေး သဘောတူညီချက်ကို ထရမ့်နဲ့ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်ဆိုပေမယ့် ယူကရိန်းမြေမှ ဆုတ်ခွာဖို့တော့ စိတ်ကူးမရှိပါဘူး။
#Source: Reuters