#World_Health
Published 08 July 2025
▪️ ဂျပန်လို Inemuri ဆိုတာက အသိစိတ်ရှိစွာဖြင့် အိပ်ပျော်ခြင်းကို ဆိုလိုပြီး ရထားပေါ်၊ ရုံးခန်းထဲ၊ အစည်းအဝေးထဲမှာပင် ခဏတာအိပ်စက်တာကို လက်ခံကျင့်သုံးကြပါတယ်။
▪️ ဒါဟာ အလုပ်ခွင်ကနေ ထွက်ပြေးချင်တဲ့သဘောမဟုတ်ဘဲ လူတစ်ယောက်က အလုပ်ထဲမှာ အာရုံနှစ်မြှုပ်ထားတာကြောင့် အနားယူချိန်ရရှိသင့်တဲ့သဘော ဖြစ်ပါတယ်။
▪️ ဒီလိုအနားယူခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများစွာ ရရှိနိုင်တာကြောင့် Inemuri နည်းလမ်းကနေ ရရှိနိုင်မယ့်အရာများကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) ဦးနှောက်ကို ပြန်လည်မြှင့်တင်နိုင်စွမ်းရှိကာ အာရုံစူးစိုက်မှုတိုးတက်စေပြီး ဦးနှောက်ရှုပ်ထွေးခြင်းကို လျှော့ချပေးပါတယ်။
▪️ (၂) အနားယူလိုက်တဲ့အခါ တွေးခေါ်ချင့်ချိန်နိုင်စွမ်းတိုးတက်စေပြီး ဆုံးဖြတ်ချက်ချခြင်းတွေမှာ ကောင်းမွန်စေပါတယ်။
▪️ (၃) ခဏတာအနားယူခြင်းဖြင့် ရေတိုမှတ်ဉာဏ်တွေကို ကြာရှည်သိမ်းဆည်းနိုင်ပြီး လေ့လာသင်ယူနိုင်စွမ်း တိုးတက်စေပါတယ်။
▪️ (၄) အလုပ်လုပ်ရင်း မောပန်းနွမ်းနယ်တာတွေကို အနားယူခြင်းဖြင့် သက်သာစေပြီး ဖိစီးမှုများကို လျှော့ချပေးနိုင်ကာ စိတ်တည်ငြိမ်စေပါတယ်။
▪️ (၅) အိပ်ရေးမဝတဲ့အခါ အသေးအဖွဲများကိုပါ စိတ်ပျက်လာစေသဖြင့် အနားယူခြင်းဖြင့် စိတ်ရှည်ခြင်း၊ လူမှုရေးနားလည်ခြင်းစိတ်တို့ တိုးတက်စေကာ ဆက်ဆံရေးကောင်းမွန်စေပါတယ်။
▪️ (၆) နာရီပေါင်းများစွာ မနားမနေ အလုပ်လုပ်တာထက်စာရင် ခဏတာအိပ်စက်ခြင်းဖြင့် အချိန်တိုအတွင်း အလုပ်တွေကို ထိရောက်စွာ ကောင်းကောင်းလုပ်နိုင်မှာ ဖြစ်ပါတယ်။
▪️ (၇) အနားယူခြင်းက ပျင်းရိတယ်ဆိုတဲ့ ယူဆချက်ကို ဖျောက်ဖျက်ပြီး ဒီလိုမျိုး အနားယူခြင်းက ကြိုးစားအားထုတ်မှုပြုလုပ်ရင်း ကျန်းမာရေးစက်ဝန်းကို ညီညွတ်မျှတစေပါတယ်။
▪️ (၈) ကိုယ့်ခန္ဓာကိုယ်ရဲ့ လုပ်နိုင်စွမ်းကန့်သတ်ချက်ကို လက်သင့်ခံနိုင်စေပြီး အလုပ်အပေါ် စိတ်အားထက်သန်မှုနဲ့ လက်တွေ့လုပ်ကိုင်နိုင်ခြင်းတို့ကို ထင်ဟပ်နေစေပါတယ်။
▪️ (၉) ခဏတာအနားယူလိုက်ရင် စိတ်အာရုံနိုးကြားလန်းဆန်းစေသဖြင့် အမှားအယွင်းများ ဖြစ်ခြင်းကို လျှော့ချနိုင်ပါမယ်။
▪️ (၁၀) ခဏတာအိပ်စက်တဲ့အခါ စိတ်ကူးကြံအသစ်များ ထွက်ပေါ်စေပြီး ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။
#Source: DoctorNDTV